SNLD လွှတ်တော်ကိုယ်စားလှယ်များနှင့် အမေရိကန်သံအရာရှိများ ရှမ်(မြောက်)အခြေအနေများ ဆွေးနွေး

0
147

စက်တင်ဘာ ၁၁
ကျော်သူမြင့်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားလှယ်များနှင့် အမေရိကန်သံရုံးအရာရှိ များသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ အခြေအနေများနှင့် ပတ်သတ်၍ လားရှိုးမြို့ရှိ SNLD ရုံး တွင် စက်တင်ဘာ ၁၁ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုတွင် SNLD ကိုယ်စားလှယ်များဖြစ်သည့် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်း၊ သီပေါမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေးနှင့် အမေရိကန်သံရုံးမှ နိုင်ငံရေး၊ စီးပွားရေး အရာရှိများဖြစ်သည့် Scott Eric Kofmehl ၊ Jessica Warderနှင့် နန်းခင်လေးငယ်တို့ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

“ဆွေးနွေးတာကတော့ နယ်မြေအခြေအနေတွေ စစ်ဘေးရှောင်သူတွေရဲ့ အခြေအနေဘယ်လိုရှိ လဲ ပါတီကဆောင်ရွက်ပေးနေတာတွေနဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဘာတွေဆောင်ရွက်နေလဲဆိုတာတွေ ဆွေးနွေးဖြစ်ပါတယ်”ဟု စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

အမေရိကန်သံအရာရှိများအနေဖြင့် ရှမ်း(မြောက်) အခြေအနေများအား SNLD ပါတီတစ်ခုတည်း သာမက အခြားသောနိုင်ငံရေးပါတီများနှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း တွေ့ ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

SNLD ပါတီကိုယ်စားလှယ်များနှင့် အမေရိကန်သံအရာရှိများသည် ရှမ်း(မြောက်) အခြေအနေများ နှင့် ပတ်သတ်၍ ယခုတစ်ကြိမ် တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

Photo – SNLD Party

Leave a Reply