လမ်း​ပေါ်​ဆောက်​လုပ်​ထားသည့်​သင်္ဃန်းကျွန်း​ဈေးတာဝန်​ခံရုံး ဖျက်​သိမ်း​ပေးခြင်းမရှိသည့်​အတွက်​ သတင်းစာရှင်းလင်းပွဲပြုလုပ်

0
192

ရန်ကုန် ၊ ဒီဇင်​ဘာ ၂၇၊ ၂၀၁၇၊

သင်္ဃန်းကျွန်း​ဈေးတာဝန်ခံရုံးနှင့်​ရန်ကုန်အ​ရှေ့ပိုင်းခရိုင် ​​ဈေးများဌာနရုံး သည်​ဥပ​ဒေနှင့်​မညီဘဲ လမ်း​ပေါ်တည်​​ဆောက်​ထားခြင်းအ​ပေါ် ဖျက်​သိမ်းခြင်းမရှိသည့်​အတွက်သတင်းစာရှင်းလင်းပွဲကိုရန်ကုန်တိုင်းဒေသကြီး
ကျောက်တံတားမြို့နယ်၊၃၄လမ်းရှိမြန်မာဂျာနယ်လစ်ကွန်ရက်(MJN)
ရုံးခန်းတွင်နံနက်၁၀နာရီ၃၀မိနစ်အချိန်၌ပြုလုပ်ခဲ့သည်။

“စည်​ပင်​သာယာကိုယ်​တိုင်​က၊ဥပ​ဒေကိုမလိုက်​နာဘဲ၊ကျူး​ကျော်​​ဆောက်​သူများဖယ်​ရှားခိုင်းတာသဘာဝမကျဘူး”ဟုသင်္ဃန်းကျွန်း​ဈေးမှ ​ဈေးသည်​တစ်ဦးဖြစ်​သူဦးကျင်​သိန်းကဆိုသည်​။

အဆိုပါကိစ္စနှင်​ပတ်​သက်​၍ပြည်​​ထောင်​စုတရားလွတ်​​တော်​ချုပ်​ရုံးမှ
၂၉ရက်​စက်​တင်​ဘာ ၂၀၁၄တွင်​မြို့ပြ​မြေပုံ(Block Map)တွင်​လမ်း​မြေဟု​ဖော်ပြထားသည့်​​ဈေး​ဘေးလမ်းအား ​ဈေးဧရိယာအတွင်း ထည့်​သွင်း၍​ဈေးအမည်​​ပေါက် ​​မြေရာဇဝင်​မှတ်​သားခြင်းသည်​ဥပ​ဒေနှင့်​ မညီ​ကြောင်း စာအမှတ်​၁/၁-၃(၄)/မူဝါဒ၊၂၀၁၅၊မတ်​လ(၃၁)ရက်​စွဲဖြင့်
အာဏာပိုင်​စာချွန်​​တော်​​မေးထုတ်​ပြန်​ထားပြီးဖြစ်​ကြောင်း သိရသည်​။

ဆက်​လက်​၍ ဦးစံ​ဖေရပ်​ကွက်​မှ ရပ်​မိရပ်​ဖတစ်​ဦးဖြစ်​သူ
ဦးသန်း​အောင်​ က ဥပ​ဒေရဲ့အထက်​မှာစည်​ပင်​ရှိ​နေသလားဟု
ထင်​မြင်​မိ​ကြောင်း​ပြောဆိုခဲ့သည်​။

သင်္ကန်းကျွန်း​ဈေးသည်​၂၀၁၀ခုနှစ်တွင် မီး​လောင်းပြီး​နောက်​ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ​ဈေးများဌာနနှင့်​​အောင်​​ကောင်း​ကျော်​ကုမ္ပဏီတို့ပူး​ပေါင်း၍ စက်​တင်​ဘာ၁ရက် ၂၀၁၀ခုနှစ်တွင် အဆင့်​မြင့်​​ဈေး အဖြင့်​ပြန်​လည်​တည်​​ဆောက်​ခြင်းဖြစ်​သည်​။
ထိုသို့​ဆောက်​လုပ်​ရာတွင်​စီမံကိန်းတွင်​ပါဝင်​မူမရှိ​သောသံကူကွန်​ကရစ်​နှစ်​ထပ်​အ​ဆောက်​အအုံတခုကို အများပြည်​သူသုံးလမ်းမ​ပေါ်တွင် တိုးချဲ့ တည်​​ဆောက်​ခဲ့သည်​။

ထို့အပြင်​​ဈေးဌာနများနှင့်​ကုမ္ပဏီ၏ သ​ဘောတူစာချုပ်​ပါ​ဆောက်​လုပ်​မည့်
အ​ဆောက်​အအုံမှာလည်း Basement+(4)ဖြစ်​ပြီး Basement တွင်​ Car Parking ​မြေညီတွင် မူလ​ဈေးဆိုင်​ခန်းများ၊ဒုတိယထပ်​နှင့်​ တတိယထပ်​တို့ တွင်Super Marketတို့ပါရှိ​သော်​လည်း Car Parking ​နေရာကို
အခြားဆိုင်​ခန်းများငှါးရမ်းလိုက်​သည့်​အတွက်​ကားရပ်​နားမူသည်​ ယာဉ်​လမ်း​ကြောင်းပိတ်​ဆို့မူများဖြစ်​​ပေါ်​စေလျှက်ရှိကြောင်း သိရသည်။

ထိုကိစ္စများကို၂၀၁၄​အောက်​တိုဘာ၁ရက်တွင်​ပထမအကြိမ် ​ငြိမ်း၊စု၊စည်​တင်​၍ အင်​အား၁၅၀ဖြင့်​ ဆန္ဒထုတ်​​ဖေါ်ခဲ့သည်​။ ၂၀၁၄ခုနှစ် မတ်​လ၂၈ရက်​​နေ့တွင် တရားစွဲဆိုခဲ့ပြီး၂၀၁၄ခုနှစ် ​အောက်တိုဘာ၂၉ရက်တွင်
ပြည်​​ထောင်​စုတရားလွတ်​​တော်​ချုပ်​မှ အများပိုင်​လမ်း​ပေါ် အ​ဆောက်​ဦ ​ဆောက်​လုပ်​ခြင်းနှင့်​ပတ်​သက်​၍ဥပ​ဒေနှင့်​ မညီ​ကြောင်း၊ အာဏာ​မေး စာချွန်​​တော်​ထုတ်​ပြန်​ခဲ့သည်​။

ထို့​နောက်​ရန်​ကုန်​တိုင်း​ဒေသကြီးလွတ်​​တော်​ ဒုတိယပုံမှန်​ အစည်းအ​ဝေးတွင်​ အဆိုတင်​သွင်းလျှက်​ မဲခွဲဆုံးဖြတ်​ရာ၊ကန့်​ကွက်​သူမရှိ​အောင်​ခဲ့သည်​။

သို့​သော်​အဆိုပါအ​ဆောက်​အဦးမှာ ၁၈လကြာမြင့်​ခဲ့​သော်​လည်း
ပြန်​လည်​ဖျက်​သိမ်းခြင်းမရှိသည့်​အတွက်​သတင်းစာရှင်းလင်းပွဲပြုလုပ်​ရခြင်း
ဖြစ်​​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply