Partial Shut Down အား ပြုလုပ်မည် ဖြစ်သောကြောင့် အချိန်​ပိုင်း လျှပ်​စစ်​မီးပြတ်မည်

0
154

ဒီဇင်ဘာ ၂၇။ ၂၀၁၇။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများသို့ သဘာဓာတ်ငွေ့ပေးပို့လျက်ရှိသော ရတနာသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း၏ Partial Shut Down အား ပြုလုပ်မည် ဖြစ်သောကြောင့် အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ရန်​ကုန်​လျှပ်​စစ်​ဓာတ်​အား​ပေး​ရေး​ကော်​ပို​ရေးရှင်း(YESC) မှ သိရသည်။

အဆိုပါ ဓာတ်အား ပြတ်တောက်မှုကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ဇန်န၀ါရီလ ၂ ရက်နေ့အထိရန်​ကုန်​​တောင်​ပိုင်းခရိုင် ​နှင့်​ ရန်​ကုန်​​မြောက်​ပိုင်းခရိုင်အတွင်းရှိမြို့နယ်​များတွင်​ ဝန်အားအများဆုံးအသုံးပြုသည့် နံနက်​၉နာရီမှ နံနက်​၁၀နာရီအထိ၊ ည​နေ၅နာရီမှ ည၇နာရီအထိ အချိန်​ပိုင်း လျှပ်​စစ်​ပြတ်​တောက် မည်​ဖြစ်​​ကြောင်းလျှပ်​စစ်​နှင့်​ စွမ်းအင်​ဝန်​ကြီးဌာန၊ ရန်​ကုန်​လျှပ်​စစ်​ဓာတ်​အား​ပေး​ရေး​ကော်​ပို​ရေးရှင်း(YESC)မှ သိရသည်။

“တစ်မြို့လုံးဖြတ်​မှာမဟုတ်​ပါဘူး။ရတနာကမ်းလွန်​သဘာဝဓာတ်​​ငွေ့
Partial Shut Down လုပ်​တာပါ။ဓာတ်အားထုတ်လုပ်မှု ​လျော့နည်း​အောင်​ပါ”ဟုရန်​ကုန်​လျှပ်​စစ်​ဓာတ်​အား​ပေး​ရေး​ကော်​ပို​ရေးရှင်း (YESC) မှ
အင်​ဂျင်​နီယာ ​ဒေါ်ခင်​သ​ပြေနုက The Fiftth Wave News (ပဉ္စမလှိုင်းမီဒီယာ) ၏ဆက်​သွယ်​​မေးမြန်းမူ့ကိုပြန်​လည်​​ဖြေကြားသည်​။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း Partial Shut Downပြုလုပ်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများတွင် ဓာတ်အားထုတ်လုပ်မှု (135)MWခန့် လျော့နည်း သွားမည်ဖြစ်ပြီးဓာတ်အားပေးစက်ရုံများမှ လျော့နည်း ထုတ်လုပ်မည့် ဓာတ်အားပမာဏများအား ဘီလူးချောင်း(၁)၊ဘီလူးချောင်း(၂)၊အထက် ပေါင်းလောင်း၊ရဲရွာနှင့် ရွှေလီ(၁)ဓာတ်အားပေးစက်ရုံများမှ ပြန်လည် ဖြည့်တင်းမောင်းနှင်ပေးသွားရန် စီစဉ်ထားပြီးဖြစ်သော်လည်း (၂၃၀)ကေဗွီ လှိုင်သာယာခွဲရုံတွင် မြောင်းတကာဓာတ်အားအဝင် Incoming Over Loadဖြစ်ပေါ်နိုင်ခြင်းကြောင့် လည်းကောင်း၊ လှော်ကားပင်မ ဓာတ်အားခွဲရုံ တွင် GTနှင့်တွဲဖတ်၍ ဓာတ်အားပေးထားသော (230/33)kV,100MVA (No.4) ဝန်အားပိုလာနိုင်ခြင်းကြောင့် လည်းကောင်း ရတနာသဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း Partial Shut Down ပြုလုပ်သည့် နေ့ရက်များ၌
ရန်ကုန်မြောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်အချို့တွင် အချိန်ပိုင်းယာယီဓာတ်အားပြတ်တောက်မှုများဖြစ်​​ပေါ်ရန်ရှိ​ကြောင်း သိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply