မောင်တော တရိန်းရွာတွင် မြိုတိုင်းရင်းသားတစ်ဦး အသတ်ခံရ

0
158

ရန်ကုန်၊ဒီဇင်ဘာ ၂၇၊၂၀၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တရိန်းကျေးရွာတွင် ဒီဇင်ဘာလ ၂၇ ရက် ယနေ့မနက်ပိုင်းက မြိုတိုင်းရင်းသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း စုံစမ်းသိရှိ ရသည်။

“ ငါးရှာသွားရင်း လူစုကွဲပြီး တစ်ယောက်တည်း ပြန်လာတော့ အသတ်ခံလိုက်ရတာထင်တယ်။” မောင်တောမြို့၊ အရေးပေါ်ကူညီ ထောက်ပံ့ရေး ကော်မတီမှ ဒုဥက္ကဌ ဦးခင်ဝင်း က ပြောကြားသည်။

သေဆုံးသူမှာ တရိန်းကျေးရွာတွင်နေထိုင်သည့် မြိုတိုင်းရင်းသား ဦးလောင်းပျောင် ဖြစ်ပြီး ငါးရှာသွားရာမှ ရွာသို့ပြန်မလာသောကြောင့် လိုက်လံရှာဖွေရာမှ စပါးပင်များကြားတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသည်ဟု ယူဆရသော ဦးလောင်းပျောင် ကိုယ်ခန္ဓာပေါ်တွင် လည်လှီးဓားဒဏ်ရာတစ်ချက်၊ ရင်ဖက်ဓားဒဏ်ရာတစ်ချက်၊ လက်မောင်းနှင့် ဦးခေါင်းတို့တွင်လည်း ဓားဒဏ်ရာများဖြင့်သေဆုံးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရားခံမည်သူဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ စုံစမ်းနေကြောင်းလည်း သိရသည်။

သျှင်ရဲထွဋ်

Leave a Reply