ရဲတပ်သားအား ရိုက်နှက်ပြီး ဆိုင်ကယ်လုယူမှု မန္တလေးတွင်ဖြစ်ပွား

0
96

စက်တင်ဘာ ၁၅
နိုင်လင်းဦး

မန္တလေးခရိုင် အမရပူရမြို့နယ် စစ်ကိုင်း – မြစ်ငယ်ကားလမ်း ဆင်ရွာ (မြင်းမူး) ရွာ နှင့် သူငယ်တော်ရွာ အကြားတွင် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီကျော်ခန့် အချိန်က ရဲတပ်သား တစ်ဦးအား ရိုက်နှက်၍ ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ကိုင်းမြို့မရဲစခန်း မှ ရဲတပ်သား အေးကျော်သည် မန္တလေး ကျွဲဆည်ကန် ကားကြီးကွင်းသို့ သူငယ်ချင်းဖြစ်သူအား သွားကြိုရာ မတွေ့ရသည့်အတွက် စစ်ကိုင်းသို့ တစ်ယောက်တည်းပြန်လာစဉ် ဆိုင်ကယ် (၂) စီးဖြင့် အနက်ရောင် အင်္ကျီများဝတ်ဆင်ထားသူ အမည်မသိလူ (၄) ဦးက ခေါင်းကို တုတ်ဖြင့်ရိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တုတ်ဖြင့်အရိုက်ခံရသည့်အတွက် ရဲတပ်သား အေးကျော် မှာ လဲကျသွားခဲ့ရာ ဝဲနံစောင်းသို့ ချွန်ထက်သည့်အရာဖြင့် ထိုးသွင်းခံခဲ့ရပြီး ရဲတပ်သား အေးကျော် ၏ ဆိုင်ကယ်ကို ယူဆောင်သွားကြောင်း သိရသည်။

ရဲတပ်သားမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (၂) ချက် နှင့် ဝဲဘက်နံစောင်းထိုးသွင်းဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မသိ လူ (၄) ဦးအား မြစ်ငယ်ရဲစခန်း မှ (ပ) ၃၉၆/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Leave a Reply