တောင်သမန်အင်းအတွင်း အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ

0
141

စက်တင်ဘာ ၁၇
နိုင်လင်းဦး

မန္တလေးခရိုင်၊ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက်၊ တောင်သမန်းအင်းအတွင်း စက်တင်ဘာ (၁၆)ရက် နံနက်ပိုင်းက အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့သည်။

အခင်းဖြစ်နေရာအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ နှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ အလောင်းမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမတွေ့ရှိဘဲ သေဆုံးလျက်ရှိသဖြင့် အမရပူရ မြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့သည်။

သေဆုံးသူမှာ ဆင်စွယ်ပွတ်ရပ်ကွက် အနောက်သပွတ်ပင်ရပ်တွင် နေထိုင်သည့် သူရိန်ဇော်(ခ)ကရင် အသက်(၃၅)နှစ်ဖြစ်ပြီး နံနက်(၈)နာရီခွဲကျော်အချိန်က တောင်သမန်အင်းအတွင်း ရေဆင်းချိုးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမရပူရမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၁၈/၂၀၁၈)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။

Leave a Reply