မ​လေးရှားတွင်​ သံသယဖြစ်​ဖွယ်​အရက်​အဆိပ်​သင့်​မှု​ကြောင့်​ လူ ၁၅ ဦး​သေဆုံး

0
243

စက်တင်ဘာ ၁၉
နိုင်ငံတကာသတင်း

မ​လေးရှားနိုင်​ငံမှာ သံသယဖြစ်​ဖွယ်​ အရက်​အဆိပ်​သင့်​မှု​ကြောင့်​ အမျိုးသား ၁၅ ဦး​သေဆုံးပြီး ​နောက်​ထပ်​ ၃၃ ဦး​ဆေးရုံတင်​ထားရ​ကြောင်း မ​လေးရှားရဲ တပ်​ဖွဲ့က ဒီ​နေ့မှာ​ပြောပါတယ်​။
ကွာလာလမ်​ပူမြို့ ကယ်​လမ်​ဗယ်​လီအရပ်​မှာရှိတဲ့ ဆိုင်​​တွေက​နေ အရက်​​တွေဝယ်​​သောက်​အပြီးမှာ အခုလို​သေဆုံးမှုဖြစ်​ခဲ့တာလို့ ရဲကပြောပါတယ်​။

သေဆုံးအမျိုးသား​တွေထဲမှာ မ​လေးရှားနိုင်​ငံသား​တွေအပြင်​ နီ​ပေါနဲ့ ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံသား​တွေပါတယ်​လို့ ဆီလန်​​ဂေါပြည်​နယ်​ရဲအကြီးအကဲ မာဇလန်​ မန်​​ဆောက ​ပြော​ပါတယ်​။

“ပထမဆုံး​​သေဆုံးသူက ဆွန်​ဂိုင်​ ဘူလိုက စက်​ရုံ လုပ်​သားတစ်​ဦးပါ။ တနင်္လာ​နေ့ မနက်​ ၇ နာရီမှာ ဆုံးပါတယ်​။ သူ့အလုပ်​ရှင်​က အ​ကြောင်း ကြားခဲ့ တာပါ”

“ဒီမနက်​မှာ​တော့ ​သေဆုံးမှု ၂ ခု ထပ်​ဖြစ်​ပါတယ်​။ ည​နေ ၄ နာရီနီးပါးမှာ ​နောက်​တစ်​ဦး ​သေဆုံးခဲ့ပါ တယ်​။ ဒီ​နေ့ည​နေ ၅ နာရီမှာ ​သေဆုံးသူ စုစု​ပေါင်း ၁၅ ဦးရှိတယ်​”လို့ မာဇန်​က ဒီက​နေ့မှာ သတင်း ထုတ်​ပြန်​ပါတယ်​။

သေဆုံးသူ​တွေဟာ ဝီစကီ ၂ မျိုးနဲ့ ဘီယာတစ်​မျိုးကို​သောက်​ခဲ့တယ်​လို့လည်း မာဇန်​က​ပြောပါတယ်​။ အခု​တော့ အာဏာပိုင်​​တွေဟာ ရင်​ခွဲပီးရလာဒ်​ကို ​စောင့်​ဆိုင်း​နေကြပါတယ်​။

မ​လေးရှားသတင်း​တွေဖြစ်​တဲ့ The Star နဲ့ Mail
တို့မှာ​တော့ ဝီစကီနဲ့ဘီယာတံဆိပ်​​တွေဟာ မန္တ​လေး ဝီစကီ၊ ကင်းဖစ်​ရှာ ဘီယာ၊ ဂရန်းရွိုင်​ရယ်​ ဝီစကီတို့ဖြစ်​တယ်​လို့ သတင်း​ဖော်​ပြပါတယ်​။
မ​လေးရှားရဲတပ်​ဖွဲ့ဟာ ဆွန်​ဂိုင်​ဘူလို အရပ်​မှာရှိတဲ့ ကုန်​စုံဆိုင်​ ၂ မျိုး​က​နေ အရက်​မျိုးစုံပါ ​သေတ္တာအလုံး ၂၀ ကို ဖမ်းမိခဲ့တယ်​လို့ The News Straits Times သတင်းမှာ​ဖော်​ပြပါတယ်​။

အဲဒီဆိုင်​ ၂ ဆိုင်​ကို နီ​ပေါနဲ့ မြန်​မာနိုင်​ငံသား​တွေက ဖွင့်​ထားပြီး ဆိုင်​​တွေဟာ ပထမဆုံး သေဆုံးခဲ့သူ ​နေထိုင်​တဲ့​နေရာနဲ့နီးတယ်​လို့လည်း သတင်းမှာ​ဖော်​ပြပါတယ်​။

ကိုဇေယျာ

Leave a Reply