၈၈၈၈ အရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများအတွက် နှစ် ၃၀ ပြည့် အခမ်းအနားပြုလုပ်

0
140

စက်တင်ဘာ ၂၀
ပဉ္စမလှိုင်း

ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးခဲ့သူများအတွက် နှစ် ၃၀ ပြည့် အမှတ်တရ အခမ်းအနားနှင့် နှစ်ပတ်လည်ဆွမ်းကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရွှေညဝါပညာဗိမာန်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးခဲ့သည့် မဝင်းမော်ဦးအပါအဝင် ကိုသန်းဌေး၊ ကိုတင်ထွန်းတို့အား ရည်စူး၍ သံဃာတော်များအား သင်္ကန်းကပ်လှူခြင်းနှင့် ရေစက်ချ အမျှဝေခြင်းများ ပြုလုပ်ခဲ့သည်။

Photo – Mar Naw / MPA

Leave a Reply