မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွိုင်ရယ်တည်းခိုခန်းတွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးမှု ကျူးလွန်သူဆိုသူကို ဖမ်းမိ၊ နာကြည်းစိတ်ကြောင့် ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ဟု ထွက်ဆို

0
160

စက်တင်ဘာ ၂၁
ပဉ္စမလှိုင်း

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွိုင်ရယ်တည်းခို ခန်းအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးခဲ့သောအမျိုးသားအား ကျူးလွန်သူဟု သံသယရှိသူ အမျိုးသမီးကို ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။

သေဆုံးခဲ့သူအမျိုးသားနှင့် လာရောက်တည်းခိုခဲ့သူမှာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းရပ်ကွက်၊ မေတ္တာလမ်းနေသူ မလင်းလင်းခိုင်ဖြစ်ပြီး ယနေ့ မနက်အစောပိုင်းက ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူ လင်းလင်းခိုင်အား စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၇ ခုနှစ်၊(၉)လပိုင်းခန့်တွင် လူမှုကွန်ယက် Facebook အသုံးပြုရာမှ သေဆုံးသူထွန်းလင်းအောင်(ခ)ဖိုးထောင်နှင့် တွေ့ဆုံ၍ Messenger မှ တဆင့်စကားပြောဆိုရာတွင် သမီးရည်းစားဖြစ်ခဲ့ကြောင်း၊ သေဆုံးသူမှာအစ်မဖြစ်သူ၏သား(၃)ယောက်အား ကြည့်ရှု စောင့်ရှောက်နေရသူဖြစ်ပြီး
လူပျိုလူလွတ်ဖြစ်ကြောင်းလိမ်လည်ပြောဆိုသည်ကိုယုံကြည်သဖြင့်အပြင်တွင် တွေ့ဆုံကာ အတူနေထိုင်ခဲ့ကြောင်း၊ ၁၇.၇.၂၀၁၈ရက်နေ့တွင် သေဆုံးသူ မှ မြ၀တီမြို့သို့အလုပ်လုပ်ရန် ခေါ် ဆောင်သဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ သေဆုံးသူမှာ၎င်းမြို့ရှိ နေအိမ်တစ်လုံးမှအမည်မသိ အမျိုးသမီးတစ်ဦး နှင့်စကားပြောပြီးနောက်ကွမ်းဝယ်ရန်ထွက်သွားခဲ့ရာ မှပြန်လည်ရောက်ရှိလာခြင်းမရှိဘဲကျန်နေခဲ့စဉ်အမည်မသိ အမျိုးသမီးမှ ထိုင်းနိုင်ငံပို့မည်ပြော သဖြင့် ကြောက်လန့်ပြီး
ထွက်ပြေးလာခဲ့ကြောင်း၊ ရန်ကုန်သို့ပြန်လည်ရောက်ရှိ လာခဲ့ပြီး သေဆုံးသူအား နာကျည်းစိတ် ကြောင့် ၁၆.၉.၂၀၁၈ ရက်နေ့တွင် ထီပေါက်သည်ဟု ပြောဆိုပြီးဖုန်းဖြင့် ဆက်သွယ်ချိန်းဆိုကာပုဇွန်တောင်ဈေးရှေ့ရှိစားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြောင်း၊ထို့နောက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်လုံး ပြန်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ ရေကျော်
မီးပွိုင့်အနီးရှိ ရွိုင်ရယ် တည်းခိုခန်းတွင် အတူနေထိုင်ခဲ့ပြီး သေဆုံးသူအတွက် ရွှေဆွဲကြိုးအတုအားဆွဲပေးခဲ့ကြောင်း၊ သေဆုံးသူ လှဲအိပ်နေစဉ်၎င်းမှ အသင့်ယူဆောင်လာသော ဓားဖြင့်(၂)ချက်ထိုးပြီး တည်းခိုခန်းမှထွက်ပြေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်အရ ပြစ်မှုကျူးလွန်သူ လင်းလင်းခိုင် အား ဥပဒေအရ
အဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

Leave a Reply