Sittwe Waterfront New City Project စီမံကိန်း မီဒီယာမိတ်​ဆက်​ပွဲ ကျင်းပ

0
314

ဒီဇင်​ဘာ ၂၈၊၂၀၁၇။

ရခိုင်​ပြည်​နည်​အစိုးရနှင့်​ BXT International Co.,ltd.တို့ အကျိုးတူ ပူး​ပေါင်း​ဖော်​ဆောင်​​နေ​သော စစ်​​တွေမြို့ရှိ ဧက(၉၀)ခန့်​​မြေဖို့​မြေယာ
ဖေါ်ထုတ်​​ရေးစီမံကိန်း Sittwe Waterfront Project မိတ်​ဆက်​ပွဲ အခမ်းအနားကို ရန်​ကုန်​မြို့ ဗိုလ်​ချုပ်​လမ်းရှိ Central Hotel တွင်
ဒီဇင်​ဘာ၂၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

“​ဒေသခံ​တွေကန်​ကွက်​တယ်​ဆိုတာ စီမံကိန်းကိုကန့်​ကွက်​တာ မဟုတ်​ပါဘူး။ Open Chanal ကိုသ​ဘောကျတာ။ဒါ​ကြောင့်​​ဒေသအကြိုက်
ဆောင်​ရွက်​​နေတယ်​”ဟုရခိုင်​ပြည်​နယ် ​လျပ်​စစ်​ စက်​မူနှင့်​လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီးဌာန၊ ပြည်​နယ်​ဝန်​ကြီးဦး​အောင်​​ကျော်​ဇံက​အဆိုပါပွဲတွင်
မီဒီယာများ၏အ​မေးကိုပြန်​လည်​​ဖြေကြားသည်​။

အဆိုပါမိတ်​ဆက်​အခမ်းအနားကို iMyanmarHouse.Com မှ ကြီးမှူး၍ပြုလုပ်​ခြင်းဖြစ်​သည်​။အဆိုပါ စီမံကိန်းကြောင့် စစ်​​တွေမြို့ မြစ်​​ကြောင်းတ​လျှောက်​တွင် သဘာဝပတ်ဝန်းကျင်​ အန္တရာယ်
မဖြစ်​​စေရန်အတွက် စင်္ကာပူနိုင်​ငံမှ အဆင့်​မြင့်​နည်းပညာများ အသုံးပြု
နေ​​ကြောင်း​ iMyanmarHouse.Com မှ Managing Director ဦး​နေမင်းသူက ဆိုသည်။

“ရခိုင်​ပြည်​နယ်​ဖွံဖြိုး​ရေးအတွက်​ပြည်​နယ်​ရံပုံ​ငွေ၊ ပြည်​​ထောင်​စုရန်​ပုံ​ငွေ၊
UEHIBရံပုံ​ငွေ​တွေရှိတယ်​။သက်​ဆိုင်​ရာရင်းနှီးမြုပ်​နှံမှု​ကော်​မရှင်​​တွေ
စစ်​​တွေရုံးဖွင့်​ခဲ့ပြီးပြီ။ US ​ဒေါ်လာငါးသန်း၊မြန်​မာ​ငွေ​ခြောက်​ဘီလီယံ​ကျော်
ခန့်​မှန်းပါတယ်​”ဟုဦး​အောင်​​ကျော်​ဇံမှဆိုသည်​။

ထို့​နောက်​ BXT International Co.,ltd.ဥက္ကဋ္ဌ Mr.Steve Park က
စစ်​​တွေမြို့တွင်​သုံးနှစ်​ကာလ ​နေထိုင်​​နေသူဖြစ်​၍ ရခိုင်​ပြည်​နယ်​၏ တည်​ငြိမ်​မူ့မရှိခြင်းအ​ပေါ် စိုးရိမ်​မှု မရှိ​ကြောင်း၊ရခိုင်​အစိုးရနှင့်​ အကျိုးတူ ပူး​ပေါင်း​ဆောင်​ရွက်​ခွင့်​ ရသဖြင့် ဝမ်းသာ​ကြောင်း​ပြောခဲ့သည်​။

အဆိုပါ စီမံကိန်းသည် လက်​ရှိ​အချိန်အထိ ၅၀ ရာခိုင်နှုန်း ဆောင်​ရွက်​ပြီးစီးခဲ့ပြီဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်​ဘာလအတွင်း အပြီး​သတ် ဆောင်​ရွက်​မည်​ဟု သိရသည်။ ယင်းစီမံကိန်းတွင်​စု​ပေါင်းအိမ်​ယာ(Mixed Housing)၊
လက်​လီလက်​ကား​ဈေးကွက်​(Retail Wholesale Market)၊ အလယ် ​အလတ်​အမြင့်​ရှိသောကွန်​ဒိုမီနီယံများ (Mid-Rise Condominiun)၊
ဂို​ဒေါင်​နှင့်​ပို့​ဆောင်​​ရေးဆိုင်​ရာဝန်​​ဆောင်​မူများ(Warehouse and Logistics Facilities)၊ကုန်​သွယ်​မူစီးပွား​ရေးဇုံ (Commercial Area)၊ငါးစက်​ရုံများ (Fish Factory)၊ အပန်း​ဖြေ​နေရာများ(Community Life Zone)စသည်​တို့ပါဝင်​​ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတွင် ရခိုင်​ပြည်​နယ်​အစိုးရမှ ​၃၀ ရာခိုင်နှုန်း
BXT International မှ ၇၀ ရာခိုင်နှုန်း ခံစားခွင့် ရရှိမည်ဟု သိရပြီး
စီမံကိန်း​ကြောင့်​ ရခိုင်ပြည်နယ်၏ အဓိက ပင်​လယ်​ဆိပ်​ကမ်းမြို့ဖြစ်​လာနိုင်​ခြင်း၊ ပင်​လယ်​ကို မျက်​နှာမူထားသည့်​ အိမ်​ယာများဖြင့် အဆင့်​မီ ဇိမ်​ရှိရှိ​နေထိုင်​နိုင်ခြင်း ရင်းနှီးမြုပ်​နှံသူများ စီးပွား​ရေးအခွင့်​အလမ်းများ ရရှိခြင်း၊
စက်​မှုမြို့ဖြစ်​သော ပုဏ္ဏားကျွန်းမြို့နှင့်​ဆတ်​ရိုးကျတံတားဖွင့်​ပြီးပါက
MPA ဆိပ်​ခံတံတားနှင့်​Kaladan Multi-Modal Transit Transport Project-KMTTP စီမံကိန်းတို့ကို​ ထောက်​ပံပို့​ဆောင်​​ရေး မဏ္ဍိုင်​​ဒေသ တစ်ခုဖြစ်​လာနိုင်​​ကြောင်း သိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply