မော်ဒယ်ယွန်းဆက်ပိုင် ယာဉ်မတော်တဆဖြစ်၍ သေဆုံး

0
253

စက်တင်ဘာ ၂၃
နိုင်​လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားတွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၂ နာရီကျော်အချိန်က ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်တွင်ပါသည့် မော်ဒယ်ယွန်းဆက်ပိုင်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မော်ဒယ် ယွန်းဆက်ပိုင် မောင်းနှင်လာသည့် ယာဉ်ဖြစ်သည့် စူဇူကီ အမျိုးအစားသည် လမ်း ၃၀ ၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားရှိ ဆောက်လက်စ အဆောက်အဦးရှေ့ မြေပုံအား ဝင်တိုက်မိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ယွန်းဆက်ပိုင် မှာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကောင်မလေးက မန္တလေးမှာ သင်တန်းလာတက်တာလို့ ပြောတယ်။ သက်ဆိုင်ရာ အပိုင်ရဲစခန်းမှာတော့ အမှုဖွင့်တာတွေ လုပ်ထားပြီးဖြစ်တယ်” ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ မော်ဒယ်ယွန်းဆက်ပိုင်အား ချမ်းအေးသာစံမြို့နယ် အမှတ် (၃) ရဲစခန်းတွင် ယာဉ်(ပ)၂၁/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Leave a Reply