ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဂျော့ဂ်ျဝီယာ လိုင်ဘေးရီးယားသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရ

0
189

မွန်ရိုးဗီးယား ဒီဇင်ဘာ ၂၉

ဘောလုံးသမားဟောင်း ဂျော့ဂ်ျဝီယာသည် လိုင်ဘေးရီးယား သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီဖြစ်သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မဲပေးပွဲ ဆန္ဒမဲအကုန်နီးပါးကို ရေတွက်ခဲ့ပြီးနောက် ဝီယာသည် ပြိုင်ဘက် ဂျိုးဆက်ဘိုယာကိုင်ထက် မဲများစွာအသာစီး ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ကပြောဆိုခဲ့သည်။ ဝီယာသည် ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ကြောင်း ကော်မရှင်ကပြောဆိုခဲ့သည်။

ဝီယာအနိုင်ရရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၎င်းကိုထောက်ခံသူများသည် မြို့တော် မွန်ရိုးဗီးယား၌ အောင်ပွဲခံမှု များကိုပြုလုပ်ခဲ့သည်။ ဝီယာသည် အာဖရိကတွင် သမ္မတအဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသမီး အဲလန်ဂျွန်ဆင်ဆာလိဖ်၏ နေရာတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

နိုင်ငံ၏ခံစားချက်ကို နားလည်ပါကြောင်း ဝီယာက ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီးနောက် တွစ်တာ၌ ရေးသားခဲ့သည်။ဝီယာသည် ဥရောပဘောလုံးကလပ်များဖြစ်သည့် ပါရီစိန့်ဂျာမိန်း( ပီအက်စ်ဂျီ) နှင့် အေစီမီလန်အသင်းများတွင် ကစားခဲ့ပြီး ချယ်လ်စီးနှင့် မန်ချက်စတာစီးတီးတို့တွင်လည်း ခေတ္တကစားခဲ့သည်။ ဝီယာသည် ဖီဖာကမ္ဘာ့ဘောလုံးသမားဆုကို ရရှိခဲ့သည့် တစ်ဦးတည်းသော အာဖရိကသားဘောလုံးသမားလည်းဖြစ်သည်။

ဘောလုံးလောကမှ အနားယူပြီးနောက် ၂၀၀၂ ခုနှစ်တွင် ဝီယာသည် နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်ခဲ့ပြီး လိုင်ဘေးရီးယားလွှတ်တော် အမတ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉ ရာစုတွင် လွတ်လပ်ခွင့်ရရှိခဲ့သေ အမေရိကန်ကျွန်များက တည်ထောင်ခဲ့သော လိုင်ဘေးရီးယား၌ ၁၉၄၄ ခုနှစ်မှစပြီး ရွေးကောက်ပွဲသမ္မတတစ်ဦးအား ချောမွေ့စွာ အာဏာလွှဲပြောင်းနိုင်ခြင်း မရှိခဲ့ချေ။ ၂၀၀၅ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဆာလိဖ်သည် ဝီယာအား အနိုင်ရရှိခဲ့ပြီး သူပုန်များက သမ္မတချားလ်စ်တေလာကို ဖြုတ်ချနိုင်ခဲ့သည့် ပြည်တွင်းစစ်အဆုံးသတ်ပြီးနောက် တစ်နှစ်အကြာတွင် စတင်တာဝန် ထမ်းဆောင် ခဲ့သည်။ တေလာသည် အိမ်နီးချင်းဆီရာရာလီယွန်တွင် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ဗြိတိန်တွင် ထောင်ဒဏ် နှစ် ၅၀ ကို ကျခံနေရသည်။

ယခုရွေးကောက်ပွဲတွင် ဝီယာသည် ဒီမိုကရက်တစ်ပြောင်းလဲမှု ညွှန့်ပေါင်းအဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး လူငယ်များကို အဓိကထား မဲဆွယ်ခဲ့သည်။ လက်ရှိဒုတိယသမ္မတ ဘိုယာကိုင်ကမူ ပြည်သူများနှင့် ထိတွေ့မှုမရှိကြောင်း ထင်ကြေးပေးခံခဲ့ရသည်။ သို့သော် ဝီယာ၏ မဲဆွယ်စည်းရုံးမှုတွင် အငြင်းပွားစရာများလည်းရှိခဲ့သည်။ ဝီယာ၏ ဒုတိယသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူမှာ ချားလ်စ်တေလာ၏ ဇနီးဟောင်း ဂျီဝယ်တေလာဖြစ်သည်။

အောက်တိုဘာတွင် ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ပထမအကျော့ မဲပေးပွဲတွင် ဝီယာသည် ဆန္ဒမဲ ၃၈ ဒသမ ၄ ရာခိုင်နှုန်းရရှိခဲ့ပြီး ဘိုယာကိုင် သည် ဆန္ဒမဲ ၂၈ ဒသမ ၈ ရာခိုင်နှုန်းရရှိခဲ့သည်။

ကိုယ်စားလှယ်လောင်းနှစ်ဦး မဲအပြတ်အသတ်မရရှိသောကြောင့် ဒုတိယအကျော့မဲပေးပွဲကိုပြုလုပ်ခဲ့ရခြင်းဖြစ်သည်။

Source:BBC

ရိုးမြေ

မွန်ရိုးဗီးယား ဒီဇင်ဘာ ၂၉

ဘောလုံးသမားဟောင်း ဂျော့ဂ်ျဝီယာသည် လိုင်ဘေးရီးယား သမ္မတ အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပြီဖြစ်သည်။

ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မဲပေးပွဲ ဆန္ဒမဲအကုန်နီးပါးကို ရေတွက်ခဲ့ပြီးနောက် ဝီယာသည် ပြိုင်ဘက် ဂျိုးဆက်ဘိုယာကိုင်ထက် မဲများစွာအသာစီး ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်ကပြောဆိုခဲ့သည်။ ဝီယာသည် ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ကြောင်း ကော်မရှင်ကပြောဆိုခဲ့သည်။

ဝီယာအနိုင်ရရှိကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ၎င်းကိုထောက်ခံသူများသည် မြို့တော် မွန်ရိုးဗီးယား၌ အောင်ပွဲခံမှု များကိုပြုလုပ်ခဲ့သည်။ ဝီယာသည် အာဖရိကတွင် သမ္မတအဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရသည့် အမျိုးသမီး အဲလန်ဂျွန်ဆင်ဆာလိဖ်၏ နေရာတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

နိုင်ငံ၏ခံစားချက်ကို နားလည်ပါကြောင်း ဝီယာက ရွေးကောက်ပွဲ ရလဒ်များထွက်ပေါ်ပြီးနောက် တွစ်တာ၌ ရေးသားခဲ့သည်။

ဝီယာသည် ဥရောပဘောလုံးကလပ်များဖြစ်သည့် ပါရီစိန့်ဂျာမိန်း( ပီအက်စ်ဂျီ) နှင့် အေစီမီလန်အသင်းများတွင် ကစားခဲ့ပြီး ချယ်လ်စီးနှင့် မန်ချက်စတာစီးတီးတို့တွင်လည်း ခေတ္တကစားခဲ့သည်။ ဝီယာသည် ဖီဖာကမ္ဘာ့ဘောလုံးသမားဆုကို ရရှိခဲ့သည့် တစ်ဦးတည်းသော အာဖရိကသားဘောလုံးသမားလည်းဖြစ်သည်။

Leave a Reply