စက်သုံးဆီဈေးမြင့်ခြင်းကြောင့် အထွေထွေပို့ကုန် တန်ဆာခ နှုန်းထား တိုးကောက်မည်

0
182

စက်တင်ဘာ၂၅
မေစု

စက်သုံးဆီဈေးမြင့်တက်မှုအပါအ၀င် ကုန်စည်ပို့ဆောင်မှု၌ သယ်ယူ ပို့ဆောင် ရမည့်ကုန်ပစ္စည်းရှားပါးနေခြင်းကြောင့် ကုန်ပစ္စည်း ပိုင်ရှင် တစ်ဦးထဲ မဟုတ်ပဲစုပေါင်းသယ်ယူကြသည့် အထွေထွေပို့ကုန် တန်ဆာခနှုန်းထားများ ၁၀ရာခိုင်နှုန်းတိုးမြှင့်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှသိရသည်။

အထွေထွေပို့ကုန်များကို ပိဿအလိုက်သယ်ယူမှုအလေးချိန်ဖြင့် သတ်မှတ်လျှက်ရှိပြီး ကုန်တန်ဆာခနှုန်းထားတိုးမြှင့်ရာတွင်လည်း ဥပမာအားဖြင့် ယခင်က တစ်ပိဿာ ၁၅၀ မှ ၂၀၀ခန့် သတ်မှတ်ေ ကာက်ခံသည့် ကုန်ပစ္စည်းများကို ၅ကျပ်မှ ၆ကျပ် ခန့်ဈေးနှုန်းအနည်းငယ် တိုးမြှင့် မည်ဖြစ်ကြောင်းသိရသည်။

“ဆီဈေးကအခုတစ်လီတာ ၂၂ရာခိုင်နှုန်းကနေ ၃၉ရာခိုင်နှုန်းလောက် တက်လာတယ်။ အခုမှကျွန်တော်တို့ကားခကိုတက်ဖို့အခုမှကြံတုန်းပဲရှိ သေးတာပါ။လမ်းကြေးတံတားကြေးတွေရယ်အခြားကုန်ကျစရိတ်တွေလည်းရှိနေပါတယ်။ဆီဈေးတက်တာကြောင့်ကားခတိုးပေးပါလို့လည်းကုန်သည်ကိုပြောဖို့ကအဆင်မပြေ ခုကျွန်တော်တို့ကကိုက်ကိုက်မကိုက်ကိုက် ဆွဲနေရ သလိုဖြစ်နေတော့ ၁၀ရာခိုင်နှုန်းလောက်ပဲတက်မယ်။ အဲ့ဒါက လည်း စပ်ကုန် စုပေါင်းစပ်ပိုင်းတင်ကြတာ။ သက်ရောက်မှုက မကောင်း ဘူး အကုန်လုံးရှားပါးနေတဲ့ အချိန်မှာကားခတေတက်ရတာလည်း မကောင်းပါဘူး။ဈေးကုန်အထွေထွေကုန်တွေပဲတက်ဖို့ရှိ စင်လုံးတွေက မတက်ဖူး ကျတောင်ကျနေပါတယ်။ တန်ဆာခတက်ဖို့ကြံစည်ထားတာ ကုန်မျိုးစုံအတွက်ပဲရှိတာပါ”ဟု မြန်မာနိုင်ငံအဝေးပြေးကုန်စည်ပို့ဆောင် ရေး လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဌ ဦးကျင်သိန်း ကပြောသည်။

မြန်မာတစ်နိုင်ငံလုံး တွင် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းပေါင်း ၁၄ခုကို အဓိက သယ်ယူပို့ဆောင်နေကြပြီး လက်တလောတွင် မြဝတီ လမ်းပိုင်း သို့ ကုန်စည်စီးဆင်းမှုများကာ ယင်းလမ်းကြောင်းအတွက် တန်ဆာခ နှုန်းထားမှာဈေးမြင့်ပြီး ကောင်းမွန်နေကြောင်း နှင့် မန္တလေး မူဆယ်လမ်းကြောင်းတွင် တန်ဆာခနှုန်းထားများ ယခင် ၃၇၀၀၀ကျပ် မှယခုတစ်ပတ်အတွင်း ၃၁၀၀၀ကျပ်သို့ ရုတ်တရက်ဈေးကျသွားကြောင်း သိရသည်။

” သကြားဈေး ကို အစိုးရကပိတ်ပြီးတရုတ်က အဝယ်ရပ်လိုက်လို့မူဆယ် ဘက်က ပို့စရာကုန်ရှားသွားပြီး တန်ဆာခထိုးကျသွားတာပါ။ ကုန်စည် ပို့ဆောင်တဲ့ အသင်းနေနဲ့က ပို့စရာကုန်ပေါများပြီး သူ့ဘာသူ လည် ပတ်နေ ရင် အဆင်ပြေပါတယ်။ ဒေါ်လာဈေးရော စက်သုံးဆီဈေးရော နဲ့ ရောတိုက်ရိုက်တော့သက်ဆိုင်မှုမရှိပေမယ့် သွယ်ဝိုက်ပြီးတော့သက်ဆိုင် ပါတယ်။ အဓိကကတော့ ပို့စရာကုန်စည်ပေါများဖို့ပေါ့ အခုဟာက ဒေါ်လာဈေးရော ဆီဈေးရောတက်နေတဲ့ အချိန် ပို့စရာကုန်က လည်း ဘာမှ မရှိ ဖြစ်နေတော့ခက်ခဲနေတာပါ” ဟု မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင် ရေး လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဌ ဦးကိုကိုနိုင် ကပြောသည်။

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း တွင် ဝန်လေးနှင့်ဝန်ပေါ့ ဟူ၍ ကုန်တင်ကားအမျိုးအစား နှစ်မျိုးသတ်မှတ် ထားပြီး ၂၂ဘီး ၊ ၁၈ဘီး အစရှိသဖြင့် ဝန်လေးကုန်တင်ကားကြီး အစီးရေ၇သောင်းကျော် နှင့် ဟိုက်ဂျပ် ၊ လိုက်ထရပ် ကဲ့သို့သော ကုန်တင်ယာဉ် အသေးစားဝန်ပေါ့အစီးရေ ၂သိန်းကျော်ခန့်ရှိကြောင်း သိရသည်။

Leave a Reply