ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု (၁၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

0
241

စက်တင်ဘာ ၂၅
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်ကျောင်းတိုက်တွင် ၂၀၁၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု (၁၁) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပခဲ့သည်။

ယင်းအထိမ်းအမှတ် အခမ်းအနားတွင် ဆရာတော်သံဃာတော်များအား ဆွမ်းကပ်ခြင်း နှင့် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု၌ ကျဆုံးခဲ့သည့် ရဟန်းရှင်လူ ပြည်သူများအား အမျှအတန်း ပေးဝေခြင်း တို့ကိုပြုလုပ်ခဲ့သည်။

“မျိုးဆက်သစ် လူငယ်တွေကို သမိုင်းအမွေလက်ဆင့်ကမ်းပေးဖို့ (၆) နှစ်ပြည့် နှစ်ပတ်လည်ကနေ စပြီး ရွှေဝါရောင် အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့တာဖြစ်တယ်။ အဓိ့ကတော့ ရွှေဝါရောင်သမိုင်း မပျောက်ပျက်စေချင်လို့ပါ” ဟု ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးအာစာရ က ပြောသည်။

ထို့အပြင် ၂၀၁၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု (၁၁) နှစ်ပြည့် အထိမ်းအမှတ် အဖြစ် မန္တလေးနိုင်ငံရေးအင်အားစုများစုပေါင်း၍ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဆွမ်းလောင်း လှူခြင်းများလည်း ပြုလုပ်ခဲ့သည်။

Leave a Reply