နောင်​ချိုတွင် စိတ်​ကြွ​ဆေးပြား ၆၀၀ ဖမ်းမိ

0
211

ရန်ကုန်၊ဒီဇင်​ဘာ ၂၉၊၂၀၁၇

ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း)​နောင်​ချိုမြို့အဝင်​ အိုရီယမ်​တယ်​ တိုးဂိတ်​အနီး တွင် ​စိတ်​ကြွ​ဆေးပြား(၆၀၀)ဖမ်းမိ​ကြောင်း နောင်​ချိုရဲတပ်​ဖွဲ့စခန်းမှ သိရသည်​။

“အမှုကစစ်​​နေတုန်းပါ။ နှစ်​​ယောက်​လုံးက​တော့လားရိုး ကပဲ။ မူးယစ်​တပ်​ဖွဲ့(၂၄)လားရိုးအဖွဲ့နဲ့ ​နောင်​ချိုရဲတပ်​ဖွဲ့ပူး​ပေါင်းပြီး စစ်​​ဆေး​ရေးလုပ်​ရင်း ဖမ်းမိတာပါ။ ​ဆေးပြားက(၆၀၀) ၊နှစ်​ရာထုတ်​သုံးထုတ်​ပါ”ဟု နောင်​ချို စခန်းမှ တာဝန်​မှူး ဒုရဲအုပ်​တင်​ဦးကThe Fifth Wave News
(ပဉ္စမလှိုင်းမီဒီယာ) ၏ဆက်​သွယ်​​မေးမြန်းချက်​ကို​ဖြေကြားသည်​။

ဖြစ်​စဉ်​မှာ မူးယစ်​တပ်​ဖွဲ့စု(၂၄) လားရိုးမှ ဒုရဲအုပ်ဖိုးလပြည့်​ဦး​ဆောင်​​သော အဖွဲ့နှင့်​​ ​နောင်ချိုစခန်းမှဒုရဲအုပ်​​ဇေယျာ​မောင်ဦး​ဆောင်​​သောပူး​ပေါင်းအဖွဲ့
သည်​ ဒီဇင်​ဘာလ ၂၈ရက် ၊ ည၁၁နာရီအချိန်​ခန့်​တွင် လှည့်​ကင်း ​ဆောင်​ရွက်​​နေစဉ်​ ​နောင်​ချိုမြို့အဝင်​ရှိအိုရီယမ်တယ်တိုးဂိတ်အနီးတွင်မသင်္ကာဖွယ်​ ဆိုင်​ကယ်​တစ်​စီးအား စစ်​​ဆေးရှာ​ဖွေရာမှ ဆိုင်ကယ်​​မောင်းမြင့်​နိုင် ​နှင့်​ အတူပါသူ ညိုဝင်းတို့ထံမှ စိတ်​ကြွ​ဆေးပြား (၂၀၀)ထုတ် ​(၃)ထုတ် ​ကိုသိမ်းဆည်းရမိ​ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အတွက် ​နောင်​ချိုရဲတပ်​ဖွဲ့စခန်းတွင်​ဒီဇင်​ဘာ ၂၉ရက်နေ့ ​၌ မူးယစ်​တပ်​ဖွဲ့စု(၂၄)မှ ဒုရဲအုပ်​ဖိုးလပြည့်​မှ တရားလိုပြုလုပ်​၍
မယ ပ/၁၃၈/၂၀၁၇၊ မူးယစ်​​ဆေးဝါးနှင့်​ စိတ်​ကို​ပြောင်းလဲ​စေ​သော ဥပ​ဒေပုဒ်​မ ၁၅/၁၉(က)/၂၁ဖြင့်​အမှုဖွင့်​အ​ရေးယူစစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်။

မြတ်​ဟိန်း​ကျော်

Leave a Reply