မြန်မာပြည်၏လူမှုကွန်ယက်တစ်မျက်နှာတစ်ခုအဖြစ် Okpar Social Media Beta Version မိတ်ဆက်

0
214

စက်တင်ဘာ ၂၇
မေစု

ဖေ့ဘုတ်ကဲ့သို့အသုံးပြုနိုင်သည့် မြန်မာလူငယ်လုပ်ငန်းရှင်များ မှလုပ်ဆောင်ထားသည့် OKPar Social Media Beta Version တစ်ခုကို ယနေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ ချက်ထရီယန် ဟိုတယ်ခန်းမတွင် မိတ်ဆက်ပွဲပြုလုပ်ခဲ့သည်။

OKPar Social network အား ဖေ့ဘုတ်ကဲ့သို့ ၈၀ ရာခိုင်နှုန်း function စုံစွာဖြင့် အသုံးပြုနိုင်ပြီဖြစ်ပြီး vedio uploading မှလွဲ၍ photo upload အပါအဝင် အခြား လုပ်ငန်းဆောင်တာများအား နိုင်ငံတကာတွင် အသုံးတွင် ကျယ်နေသော လူမှုကွန်ယက်များနည်းတူ sericutyပိုင်းကိုလည်း လုံခြုံမှုရှိစေရန် အဓိကထားဆောင်ရွက်ထားကြောင်းသိရသည်။

“လူအများအပြားသုံးနိုင်အောင် သုံးစွဲသူတွေအတွက်လုံခြုံမှုစနစ်ကာင်းအောင် userတွေယုံယုံကြည်ကြည်နဲ့ network ကို အသုံးချနိုင်ဖို့ rule တွေချမှတ် ထားပါတယ်။အသုံးပြု သူတွေများ မှsocial network တစ်ခုဆိုတာက အောင်မြင်မှာပါ အသုံးပြုပေးကြဖို့အတွက်လည်း ကျွန်တော်ဒီနေရာကနေ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်”ဟု Okpar Social Media Beta Version မှ မန်နေဂျင်းဒါရိုက်တာ ဦးပြည့်ဖြိုးထက် ကပြောသည်။

Okpar Social Media network အတွက် data center ကိုတည်ဆောက်ပြီးအချက်အလက်များထိန်းသိမ်းသွား ရန်ရှိနေပြီး လတ်တလော တွင် အချက်အလက်ထိန်းသိမ်းသည့် ဆာဗာကို အခြားနည်းပညာကုမ္ပဏီတစ်ခုတွင်ထား ရှိထားပြီး နောက်ပိုင်းတွင် ကိုယ်ပိုင်data center ဖြင့် control ပြုလုပ်မည်ဟု သိရသည်။

” ဆိုရှယ်မီဒီယာတစ်ခုဆောက်ရင် လူဘယ်လောက်သုံးလို့ရမလဲ စဉ်းစားရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့လည်း စဉ်းစားပြီးသားပါ။ okpar.com မှာ အဓိကရည်ရွယ်ချက်က usearတွေ ဘယ်လောက်ထိ လွယ်လွယ်ကူကူသုံးလို့ရမလဲ စဉ်းစားထားပါတယ်၈၀%ထိ featureတော်တော်များများကို သုံးလို့ရနေပါပြီ fake accတွေကို သုံးတဲ့လူဆိုတာ အချက်အလက်တွေနဲ့ emailပို့ရင် teamကနေ actionယူပြီး removedလုပ်ပါတယ်။ vedio ဖိုင်တင်ဖို့မပေးထားသေးဘူးဆိုတာကလည်း aနာက်ပိုင်းမှာတော့ရအောင်လုပ်သွားမှာပါ အခုလောလောဆယ်က ဆာဗာလေးမှာ ဆိုးတာလေးတွေစတဲ့အခက်ခဲလေးတွေ ရှိသေးလို့ပါ။ သိပ်မကြာခင်ဗီဒီယိုပိုင်းတင်နိုင်အောင်ကြိုးပမ်းသွားမှာပါ” ဟု Okpar မှနည်းပညာပိုင်းဆိုင်ရာ တာဝန်ခံပညာရှင် ဦးငြိမ်းမင်းဦးက ပြောသည်။

Andriod phone အသုံးများသော ပြည်တွင်းသုံးစွဲသူ များအတွက် Okpar application ဆော့ဝဲလ် ကို ထုတ်လုပ်ထားပြီးဖြစ်ကာ ios သုံးစွဲသူများ အတွက်လည်း စက်တင်ဘာလ၂၇ ရက် မှစတင်ကာ ရက်၂၀အတောအတွင်း ios applivationကို ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် Okpar social media network တွင် language အနေနှင့် Zawgyi versionကိုသာဦးစားပေးလုပ်ဆောင်ထားပြီး unicode versionကိုလည်း အသုံးပြုနိုင်မည်ဖြစ်သော်လည်း စာသေချာမပေါ်ခြင်းများ ရှိနိုင်တတ်ကြောင်း သိရသည်။

Leave a Reply