လက်ပံတောင်းတောင် ပဋိပက္ခတွင် လေးဂွထိမှန်သောကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှန်လုံးကန်း

0
187

ရန်ကုန်၊ဒီဇင်ဘာ ၂၉၊၂၀၁၇

လက်ပံတောင်းတောင်ဒေသတွင် ကုမ္ပဏီနှင့်ဒေသခံတို့ကြားဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး သည်လေးဂွထိမှန်ခဲ့ခြင်းကြောင့် မျက်လုံးတစ်ဖက်ကန်းသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်တချို့ထိခိုက်မှုများရှိခဲ့သော်လည်း ရဲတပ်သား ဇင်ဖြိုးအောင်မှာ ညာဖက်မျက်လုံးထိခိုက်သွားသဖြင့် မုံရွာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီး ခွဲစိတ်ကုသခဲ့သော်လည်း မျက်လုံးမှာ ပျက်စီးသွားခဲ့ကြောင်း ရဲပရဟိတအဖွဲ့ ဥက္ကဌ ဦးမြတ်သူဟိန်း က ပြောသည်။

“ ပဋိပက္ခကို ဝင်ရောက်တားဆီးပေးရင်းနဲ့ ဒေသခံတွေဖက်က ပစ်လိုက်တဲ့ လေးဂွထိသွားတာ။ အခြားသူတွေလည်း နည်းနည်းပါးပါးထိတယ်။ သူကတော့ မျက်လုံးကန်းသွားတယ်။” ဟု ဦးမြတ်သူဟိန်း က ဆက်လက်ပြောကြားသည်။

မျက်လုံးကန်သွားသည့် ရဲတပ်သားအတွက် ရဲပရဟိတအဖွဲ့မှ ကူညီ မှုများပြုလုပ်နေပြီး စေတနာရှင်များလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသတွင် တရုတ်ကြေးနီကုမ္ပဏီ ဝမ်ပေါင်နှင့် ဒေသခံများကြားလယ်ယာမြေပြသနာများ အငြင်းပွားလျက်ရှိပြီး ကန့်ကွက်ဆန္ဒပြမှုများလည်း မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

သျှင်ရဲထွဋ်

Leave a Reply