မဘိမ်းမြို့နယ် ​​ငို့​တောတွင်​ သစ်​လုံးတင်​ကားတိမ်း​မှောက်​၊ တ​စ်ဦး​သေဆုံး

0
195

ဒီဇင်​ဘာ ၂၉။ ၂၀၁၇။

ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊မဘိမ်းမြို့နယ်အ​ရှေ့​တောင်ဘက်​ ​တောတွင်း ငို့​တောတွင်​ သစ်​လုံးတင်​ကားတိမ်း​မှောက်​၍တစ်ဦး​သေဆုံးခဲ့​ကြောင်း မဘိမ်းမြို့နယ်​ရဲတပ်​ဖွဲ့စခန်းမှသိရသည်​။

“တရားခံက​တော့မမိ​သေးဘူး။ ထွက်​​ပြေးသွားတယ်။ ကားနဲ့ သစ်လုံး​တွေကို​တော့ သက်​​သေခံဖြစ်​သိမ်းထားတယ်​။
ကားလိုင်​စင်​ရှိ/မရှိစီစစ်​ဆဲပါ”ဟုမဘိမ်းရဲတပ်​ဖွဲ့စခန်းမှ တာဝန်​ရှိသူက
The Fifth Wave News (ပဉ္စမလှိုင်းမီဒီယာ)၏ဆက်​သွယ်​​မေးမြန်းချက် ​ကို​ဖြေကြားသည်​။

ဖြစ်​စဉ်​မှာ ဒီဇင်​ဘာလ၂၈ရက်နေ့ ည​နေ ၅နာရီ၃၀မိနစ်ခန့်​ အချိန်တွင် ​”ဘဟဲ​” ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးဝင်းမြင့်​​အောင်​မှ ယာဉ်​တစ်စီး တိမ်း​မှောက်​​ နေ​ကြောင်း ဖုန်းသတင်း​ပေးချက်​အရ ရဲအုပ်​ ရဲ​ဇော်​မြင့်​ ဦးစီးသော ရဲတပ်​ဖွဲ့ဝင်​(၇)ဦးဖြင့် အခင်းဖြစ်​​နေရာအား သွား​ရောက်​စစ်​​ဆေးရာ ငို့​တောမှ ​လေယာဉ်​ကွင်းဘက်​သို့​​ တောလမ်းအတိုင်း
ယာဉ်​​မောင်း သူရ(၂၂)နှစ်​(ဘ)ဦးမဲကြီး ၊မှတ်​ပုံတင်​မရှိ ၊ မိုင်းတိုင်း​ကျေးရွာ သပိတ်​ကျင်းမြို့​နေသူ မောင်းနှင်​​သော သစ်​လုံးတင်​ယာဉ်​သည်​ လမ်း၏ ဝဲဘက်​(၁၅)​ပေခန့်​​ချောက်​ထဲသို့ ထိုးကျတိမ်း​မောက်​ပြီး ယာဉ်​​နောက်​လိုက်​ဖြစ်သူအံ့မင်းဘို(၂၂)နှစ်(ဘ)ဦးစန်းညို၊မှတ်ပုံတင်မရှိ၊မိုင်းတိုင်း
ကျေးရွာ၊သပိတ်ကျင်းမြို့​နေသူမှာဦး​ခေါင်းထိခိုက်ဒါဏ်ရာများနှင့်​ ​သေဆုံး
နေ​ပြီး ယာဉ်​​မောင်းမှာ ထွက်​​ပြေးတိမ်း​ရှောင်​​နေ​ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကို ဒီဇင်​ဘာ၂၉ရက် နံနက်​၁၀နာရီ၁၅မိနစ်အချိန်​၌ မဘိမ်းရဲစခန်းတွင်​ ရဲအုပ်​ရဲ​ဇော်​မြင့်​မှ တရားလိုပြုလုပ်​၍
ယာဉ်​(ပ) ၇/၂၀၁၇၊ရာဇသတ်​ကြီးပုဒ်​မ ၂၇၉/၃၀၄-ကဖြင့်​ အမှုဖွင့်​ အ​ရေးယူထား​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

ဓာတ်​ပုံ Aung Myintmo

Leave a Reply