အစၥလာမ္ဘာသာ ကိုးကြယ္သူ နှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူ တို့အကြား သဟဇာတမဖြစ်ခြင်းသည် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဆုံးဖြစ်

0
195

မန္တလေး ၊ဒီဇင်ဘာ ၃၀၊၂၀၁၇

ရခိုင်ပြည်နယ်အတွင်း၌ နေထိုင်သည့် အစ္စလာမ်ဘာသာ ကိုးကွယ်သူ နှင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူတို့အကြား သဟဇာတမဖြစ်ခြင်းသည် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဆုံးဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

“ဒီဒေသမှာ က လူ့အဖွဲ့အစည်းက နှစ်မျိုးလိုဖြစ်နေတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်သူနဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူဆိုပြီးတော့။ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေအများကြီးရှိတယ် ။ နောက်ပြီး လူမျိုးစုလေးတွေရှိသေးတယ် ။ သူတို့လည်း ထိခိုက်ဆုံးရှုံးတာတွေ အများကြီးရှိတယ်။ မူစလင်တွေကလည်း ဒီနိုင်ငံမှာပဲ နှစ်ပေါင်းများစွာထဲက နေခဲ့ပြီး ဒီနိုင်ငံမှာပဲရှိနေတဲ့ လူအဖို့ ကျွန်တော်တို့အစိုးရအနေနဲ့ စောင့်ရှောက်ရမယ့် ဝတ္တရားရှိတယ် ။ အဲ့ဒီမှာ လူ့အဖွဲ့အစည်းနှစ်ခုက တစ်ဖက်နဲ့တစ်ဖက် သဟဇာတ မဖြစ်ဘူးဆိုတာ ခေတ်အဆက်ဆက် ကတည်းက ဖြစ်တယ် ။ အဲ့ဒီလို သဟဇာတမဖြစ်တာဟာ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲဆုံးဖြစ်တယ် ။” ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။

ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ် နှင့် တိုင်းဒေသကြီး (၁၄) ခုက အစိုးရအဖွဲ့များ အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

“ရခိုင်မှာဖြစ်သွားတဲ့ ပြန်လည်ထူထောင်ရေးကိစ္စက သဘာဝဘေးလည်း ပါတယ်။ လူလုပ်တာလည်းပါတယ်။ ခုဖြစ်နေတဲ့ အရေးက လူလုပ်တာပေါ့။ ပြန်လည်ထူထောင်ရေးလုပ်တယ်ဆိုတာ အရမ်းခက်ခဲတဲ့အပိုင်းဖြစ်တယ်။ ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာ အစိုးရတစ်ရပ်တည်း မတတ်နိုင်ဘူး။ အားလုံးက ပူးပေါင်းပါဝင်မှရမယ် ။ နောက်ပြီး နိုင်ငံတကာကလည်း အထင်မှားအမြင်မှားတွေရှိတယ်။ ဒါ့ကြောင့် ရခိုင်ပြည်နယ်ကိစ္စဟာ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ် ။ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်တွေက ဦးဆောင်ပြီးတော့ ကူညီတယ်။ အဲ့ဒီကူညီမှုက ပြည်နယ်နှင့် တိုင်းက ပြည်သူတွေရဲ့အားပဲဖြစ်တယ် ။” ဟု ဒေါက်တာဝင်းမြတ်အေး က ဆက်လက် ပြောသည်။

မန္တ​လေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင် ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် နှင့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် တို့သည် ဒီဇင်ဘာလ ၁၆ ရက်နေ့က ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ဖို့ရန်အတွက် ယင်းဒေသသို့ ကွင်းဆင်းကြည့်ရှု လေ့လာ မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

နိုင်လင်းဦး

Leave a Reply