တစ်ကမ္ဘာလုံးတွင် နှစ်စဉ် နှလုံးရောဂါကြောင့်သေဆုံးသူ၁၂သန်းခန့်ရှိ

0
139

စက်တင်ဘာ ၂၉
မေစု

စက်တင်ဘာ လ ၂၉ရက်နေ့သည် ကမ္ဘာတစ်ဝှမ်းတွင် နှလုံးနှင့်ပတ်သက်သော အထိမ်းအမှတ် နှင့်ကျန်းမာရေးအသိပညာ ကျယ်ပြန့်စွာပေးသည့် World Heart Day နေ့ဖြစ်ရာ ရောဂါကြောင့်သေဆုံးသူများမှာနှစ်စဉ်၁၂သန်းခန့်ရှိ ကြောင်းသိရသည်။

World Heart Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတွင်လည်း ပြုလုပ်လျှက်ရှိရာ ယနေ့တွင် ရန်ကုန်မြို့၆မိုင်ခွဲရှိ International Business Centre ၌ နှလုံးသားရေးရာ အာဟာရ အကြောင်း နှင့် နှလုံးရောဂါမဖြစ်စေရန် ကာကွယ်ကျင့်သုံးရမည့် နည်းလမ်းများကိုဝိတိုရိယဆေးရုံ နှလုံးနှင့်သွေးကြောဌာန၏စီစဉ်မှုဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောမှုများပြုလုပ်ခဲ့သည်။

” နှလုံးရောဂါမဖြစ်စေဖို့က စိတ်ဖိစီးမှုတွေကိုမထားတာတွေအစားအသောက်နဲ့ဆိုရင်လည်း ကျွန်မတို့မြန်မာလူမျိုးတွေကဆားအရမ်းစားတယ်။ဆားကိုတစ်ခါစားရင်လက်ဖက်ရည်ဇွန်းတစ်ဇွန်းပဲစားသင့်ပါတယ်။သွေးတိုးတာများလာရင် နှလုံးရောဂါဖြစ်စေနိုင်လို့ အဓိကကတော့လျှာအနောက်ကအရသာခံတဲ့ teast အင်္ဂါလေးက အကျင့်သဘောဖြစ်နေတာပါ။ ပေါ့အောင်စားကြည့် ရင်teast အင်္ဂါက ၁၀ရက်လောက်စောင့်ပြီးအကျင့်လုပ်ပေးရင် အဆင်ပြေသွားမှာပါ။ နောက်ကိုယ်လက်လှုပ်ရှားမှုတွေကလည်း အရေးကြီးပါတယ်။ နယ်မှာကျန်းမာရေးသွားစစ်တုန်းကဆို လူနာ၅၀၀ကျော်မှာ၃၀၀လောက်ကသွေးတိုး တိုင်းလိုက်သမျှက၁၃၀ကျော် ၁၅၀ကျော်သွေးပေါင်ချိန် ဖြစ်ပြီးသွေးအရမ်းတိုးနေတာတွေတွေ့ရပါတယ်။ ဒါကနှလုံးကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်”ဟု အာဟာရဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ ဝင်းဝင်းမြင့်ကပြောသည်။

နှလုံးရောဂါလက္ခဏာ မပြဘဲ ရုတ်တရက် နှလုံးရပ် သေဆုံးသူများတွင် အမျိုးသမီး၆၄ရာခိုင်နှုန်း နှင့် အမျိုးသား ၅၀ရာခိုင်နှုန်းခန့်ရှိ နေကာ ကမ္ဘာ့ နံပါတ် ၁ သေဆုံးမှုအများဆုံးရောဂါဖြစ်ကြောင်း သိရသည်။

“နှလုံးရောဂါက ကူးစက်ရောဂါ မဟုတ်ပေမယ့် နှလုံးရောဂါ အကြောင်းကို လူတွေသိဖို့ပိုလိုပါတယ်။ အခုလို ဟောပြောခြင်းအားဖြင့် ၂၀၂၅ ရောက်ရင် ၂၅ ရာခိုင်နှုန်းသည် နှလုံးရောဂါ ကျသွားနိုင်တယ်ဆိုတာ ပြောပါတယ်။ လူတွေကို နှလုံးကျန်းမာရေး နာလည်အောင်၊ လေ့ကျင့်လာအောင် ပြောရမယ်။ ဆေးလိပ်မသောက်ဖို့၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ခြင်းအားဖြင့် နှလုံးရောဂါတို့၊ Stroke တို့ဖြစ်ခြင်းကို ကာကွယ်နိုင်ပါပြီ၊ World Health day ဆိုတာက မြန်မာပြည်တစ်ပြည်တည်း လုပ်တာမဟုတ်၊ တစ်ကမ္ဘာလုံးမှာ ဟောပြောပွဲတွေ လုပ်ကြပါတယ်။ကျန်းမာရေးနဲ့ညီညွတ်စွာ စားရမယ်။ အရက်ကို လုံးဝသောက်လို့မရဘူးလို့ မဟုတ်ပါဘူး။ ယောကျာင်္းဆို ၂ ပတ်၊ မိန်းမတွေဆို ၁ ပတ်လောက် သောက်ရမယ်။ နောက်တစ်ခုက ဖြစ်နိုင်ရင် သံဗူးတွေနဲ့ အစားအစားတွေကို သိပ်မစားပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲမှာ ဆားများပါတယ်။ ရှောင်ကြဉ်သင့်ပါတယ်”ဟုနှလုံးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါ်ချိုလေးမာ ကပြောသည်။

နှလုံးရောဂါသည် မျိုးရိုးလိုက်ခြင်းနှင့် မြို့ပြလူနေမှုစနစ် အစားအသောက်နေထိုင်မှုပုံစံပြောင်းလဲလာခြင်းများ ကြောင့်ဖြစ်ပွားပြီး ဖွင့်ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေးအသိပညာပေးအစီအစဉ်များကိုအများ အပြားဆောင်ရွက်ကြခြင်းကြောင့် အနှစ်၃၀ ကာလအတွင်း ရောဂါဖြစ်ပွားနှုန်းအများအပြားကျဆင်းလာကာ ဖွံ့ဖြိုးဆဲနိုင်ငံများ ၌ ရောဂါဖြစ်ပွားမှုစိုးရိမ်ဖွယ်ရာတိုးပွားလာ ကာယင်းနိုင်ငံများထဲတွင်မြန်မာနိုင်ငံသည်လည်းပါဝင်နေကြောင်းသိရသည်။

Leave a Reply