ဆေးကြောင်ပြီး ဆေးရုံဝန်ထမ်းများကို ကတ်ကြေးဖြင့် လိုက်ထိုးသူအား ရဲက ဖမ်းဆီးအမှုဖွင့်

0
206

အောက်တိုဘာ ၁
ပဉ္စမလှိုင်း

လူနာစောင့်နေစဉ် ဆေးကြောင်ပြီး သူနာပြုများနှင့် သန့်ရှင်းရေးလုပ်သားများကို ကတ်ကြေးဖြင့်လိုက်လံထိုးမှု လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီး၌ စိုင်းလင်းခေါင်(၂၃)နှစ်သည် ဆေးရုံလူနာစောင့်နေစဉ် ဆေးကြောင်ကာ သားဖွားမီးယပ်ဆောင်ရှိ ဆေးပစ္စည်းများနှင့် ထိုင်ခုံတို့အား ရိုက်ခွဲဖျက်ဆီးခြင်း၊ တံခါးများအား ခြေထောက်ဖြင့်ကန်ခြင်း၊ သန့်ရှင်းရေးလုပ်သား ဒေါ်ကော်နီ(စိစစ်ဆဲ၊ ကိုယ်ဝန် ၆ လ)နှင့် သူနာပြုများအား ကတ်ကြေးဖြင့် လိုက်လံထိုး၍ ထွက်ပြေးခဲ့သဖြင့် ဒေါ်ကော်နီတွင် ဗိုက်အောင့်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ သည်။

လွိုင်လင်မြို့နယ်ရဲတပ်ဖွဲ့မှ စိုင်းလင်းခေါင်အား ထိန်းသိမ်းခဲ့ပြီး လွိုင်လင်မြို့မ ရဲစခန်း(ပ)၆၉/၂၀၁၈၊ ပပက ၆(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply