ကျန်းမာရေးနှင့်​ညီညွှတ်​ပြီး ဘေးအန္တရာယ်​ကင်းရှင်းသော စားသောက်​ကုန်များဆီသို့ ဆွေးနွေးပွဲ ပြုလုပ်မည်

0
161

အောက်​တိုဘာ ၁
ဝေဝေဖြိုး

ဒုတိယအကြိမ်​ ကျန်းမာရေးနှင့်​ညီညွှတ်​ပြီး ဘေးအန္တရာယ်​ကင်းရှင်းသော စားသောက်​ကုန်​များဆီသို့ ဆွေးနွေးပွဲကို ယခုလ ၅ရက်​ ၌ ကုတ်​သည်​စက်​မှု အသင်းချုပ်​တွင်​ ကျင်းပပြုလုပ်​သွားမည်​ဖြစ်​ကြောင်း အောက်​တိုဘာလ ရက်​က ယင်းအသင်းချုပ်​တွင်​ ပြုလုပ်​သည့်​ သတင်းစာရှင်းလင်းပွဲမှသိရသည်​။

ယင်းဆွေးနွေးပွဲကို မြန်​မာနိုင်​ငံ စားသောက်​ကုန်​ထုတ်​လုပ်​ တင်​ပို့ရောင်းချသူများအသင်းမှ ကြီးမှူးကျင်းပခြင်းဖြစ်​ပြီး စိုက်​ပျိုးရေး ၊မွေးမြူရေးနှင့်​ဆည်​မြောင်းဝန်​ကြီးဌာန ၊စက်​မှုဝန်​ကြီး ဌာန ၊စီးပွားရေးနှင့်​ကူးသန်းရောင်းဝယ်​ရေးဝန်​ကြီးဌာန ၊ကျန်းမာရေးနှင့်​ အားကစားဝန်​ကြီးဌာန ၊ ရန်​ကုန်​မြို့တော်​စည်​ပင်​သာယာရေးကော်​မတီ ၊ ကုန်​သည်​စက်​မှုအသင်း ချုပ်​ ၊မြန်​မာစားသုံးသူသမဂ္ဂ ၊အစာအဟာရဆိုင်​ရာသိပ္ပံ နှင့်နည်းပညာအသင်းနှင့်​ စားသောက်​ကုန်​ဆိုင်​ရာအသင်းအဖွဲ့များမှ ပါဝင်​ဆွေးနွေးသွားမည်​ဖြစ်​သည်။

“ဘေးအန္တရာယ်​ကင်းရှင်းပြီးတော့ အရည်​အသွေးမှီတဲ့ စားသောက်​ကုန်​တွေ ကျန်းမာရေးနဲ့ ညီညွှတ်​တဲ့စားသောက်​ကုန်​တွေ ထုတ်​ဖို့အတွက်​ လိုအပ်​ချက်​တွေကို ရှင်းလင်းပြမှာဖြစ်​ပါတယ်​။ အရင်​ပထမကြိမ်​တုန်းကတော့ ယေဘူယျအားဖြင့်​ လိုအပ်​ချက်​လေးတွေကို ဖော်​ပြပေးခဲ့တယ်​။ဒီနှစ်​မှာ ထူးခြားတာက ကျန်းမာရေးနဲ့ ညီညွှတ်​ပြီး ဘေးအန္တရာယ်​ကင်းတဲ့ အစားအသောက်​တွေ ထုတ်​ဖို့ဆိုရင်​ နိုင်​ငံတော်​က ဘယ်​လိုပေါ်လစီတွေ ၊ ဥပဒေတွေ ၊နည်းဥပဒေတွေချထားလား ဆိုတာကို ထင်​ထင်​ရှားရှားသိဖို့ ၊ပြည်​ပပို့ကုန်​တွေများဖို့အတွက်​ ဘယ်​ဥပဒေတွေနဲ့ ကာကွယ်​ပေးထားသလဲ ဘယ်​လိုမြန်​မြန်​ဆန်​ဆန်​လုပ်​ထားသလဲဆိုတဲ့ အချက်​အလက်​တွေနဲ့ စားသုံးသူကာကွယ်​ရေး ဥပဒေအရ ကုန်​စည်​ကိုဖော်​​ပြတဲ့ဟာတွေက ထုတ်​လုပ်​သူကသေချာနားမလည်​ဘူးဆိုရင်​ မှားရင်​ပြန်​ပြင်​ဖို့အတွက်​ အခက်​အခဲရှိတဲ့အတွက်​ ဒါတွေဟာ မဖြစ်​မနေသိဖို့လိုအပ်​ပါတယ်​”ဟု မြန်​မာနိုင်​ငံ စားသောက်​ကုန်​ထုတ်​လုပ်​ တင်​ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်​သောင်းဦးကပြောသည်​။

စားသောက်​ကုန်​လုပ်​ငန်းများဥပဒေ ၊လုပ်​ထုံးလုပ်​နည်း​များနှင့်​အညီ ထုတ်​လုပ်​ဖြန့်​ဖြူးရောင်းချနိုင်​ရေး ၊ပြည်​ပ သို့ စားသောက်​ကုန်​များ ပိုမိုတင်​ပို့ရောင်းချနိုင်​ရေး ၊ စားသောက်​ကုန်​စည်​အပေါ် ဖော်​ပြရမည့်​ အချက်​အလက်​များ ရှင်းလင်းစွာ သိရှိနိုင်​ရေး ၊စားသောက်​ကုန်​များထုတ်​လုပ်​သည့်​ SME များ ဖွံ့ဖြိုးတုးတက်​ရေးနှင့်​ ဘေးအန္တရာယ်​ကင်းရှင်းသော စားသောက်​ကုန်​ ထုတ်​လုပ်​မှုဆိုင်​ရာ အသိပညာပေးရေး ၊ပြည်​ပမှ အရည်​အသွေးစံမမီသော စားသောက်​ကုန်​များ တင်​သွင်းလာခြင်းမှ ကာကွယ်​ရေးနှင့် စားသောက်​ကုန်​ဆိုင်​ရာ မှန်​ကန်​သော သတင်းအချက်​အလက်​များ စဉ်​ဆက်​မပြက်​ထုတ်​ပြန်​ရေးဟူသော ရည်​ရွယ်​ချက်​ ၆ ချက်​ဖြင့်​ကျင်းပပြုလုပ်​မည်​ဖြစ်​သည်​။

ယင်းဆွေးနွေးပွဲတွင်​ အစားအသောက်​နှင့်​ ဆေးဝါးကွပ်​ကဲရေး ဦးစီးဌာန မှ ဘေးအန္တရာယ်​ကင်းရှင်းသော စားသောက်ကုန်​များ ထုတ်​လုပ်​ဖြန့်​ဖြူးရောင်းချရာတွင်​ လိုက်​နာရမည့်​ မူဝါဒ ၊လုပ်​ထုံးလုပ်​နည်း ၊စည်းမျဉ်းစည်းကမ်း နှင့်​ ညွှန်​ကြားချက်​များ ၊Export & Import အပါအဝင်​ FDA ထောက်​ခံချက်​လျှောက်​ထားခြင်းလုပ်​ငန်းစဉ်​များ ၊ FDA ဓာတ်​ခွဲခန်းဝန်​ဆောင်​မှုများ နှင့်​ Food Additives ဆိုင်​ရာ သတ်​မှတ်​ချက်​များ ခေါင်းစဉ်​ဖြင့်​ ဆွေးနွေးမည်​ဖြစ်​ပြီး စိုက်​ပျိုးရေး ၊မွေးမြူရေးနှင့်​ ဆည်​မြောင်းဝန်​ကြီးဌာနမှ GAP နှင့်​ Post-Harvest Technology ဆောင်​ရွက်​ထားမှုများ ခေါင်းစဉ်​ဖြင့်​ ဆွေးနွေးမည်​ဖြစ်​သည်​။

ထို့ပြင်​ စီးပွားရေးနှင့်​ကူးသန်းရောင်းဝန်​ရေးဝန်​ကြီးဌာနမှ စားသောက်​ကုန်​ ကုန်​စည်​များတွ်​ ဖော်​ပြရမည့်​ ကုန်​ညွှန်း​အမှတ်​အသားများအား ရှင်းလင်းခြင်း ခေါင်းစဉ်​ဖြင့်​ ဆွေးနွေးမည်​ဖြစ်​ကာ ရန်​ကုန်​မြို့တော်​စည်​ပင်​သာယာ ရေးကော်​မတီမှ စားသောက်​ကုန်​ထုတ်​လုပ်​ငန်းများ လိုက်​နာရမည့်​ စည်းမျဉ်းစည်းကမ်းများ ခေါင်းစဉ်​ဖြင့်​ ဆွေးနွေးမည်​ဖြစ်​ပြီး မြန်​မာစားသုံးသူများသမဂ္ဂမှ ပြည်​တွင်းစားသုံး သူနှင့်​ ဘေးအန္တရာယ်​ကင်းသော စားသောက်​ကုန်​များ ခေါင်းစဉ်​နှင့်​ စသဖြင့်​ သက်​ဆိုင်​ရာ ဌာနများမှ ခေါင်းစဉ်​အသီးသီးဖြင့်​ ​ဆွေးနွေးကြမည်​ဖြစ်​သည်​။

Leave a Reply