အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် သက်ကြီးရွယ်အို ၃၈၅ ဦးအား ထောက်ပံ့ကြေးပေးအပ်ပွဲပြုလုပ်

0
186

အောက်တိုဘာ ၁
နိုင်လင်းဦး

မန္တလေးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ ၁ ရက်နေ့က အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ကြီးမှူး၍ မန္တလေးခရိုင်အတွင်းရှိ သက်ကြီးရွယ်အို ၃၈၅ ဦးအား ထောက်ပံ့ကြေးပေးအပ်ပွဲပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် သက်ကြီးရွယ်အို (၁၀၀) ဦးတက်ရောက်ခဲ့ပြီး မတက်ရောက်နိုင်သည့် သက်ကြီးရွယ်အို အဘိုးအဘွားများအား သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တစ်ဆင့် သွားရောက်ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံတော်ကလည်း သက်ကြီးရွယ်အိုများကို မမေ့မလျှော့ပဲ ပြုစုစောင့်ရှောက်ရမယ်ဆိုတဲ့ အသိလည်းရှိနေတယ် ။ နောက်တစ်နည်းပြောကြရရင် ကျွန်တော်တို့ ပြည်သူလူထုတွေ ကျန်းမာရေးအသိပြည့်ဝလာတဲ့အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ လူ့သက်တမ်းဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ဖို့ ကြိုးစားပမ်းစား ဆောင်ရွက်တဲ့အတွက် မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အို ပေါများလာတာဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

ထိုသို့ထောက်ပံ့ရာတွင် အသက် (၉၅) နှစ် နှင့်အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့ခြင်းဖြစ်ပြီး တစ်ဦးလျှင် နှစ်သောင်းငါးထောင်ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Leave a Reply