ကျောက်မဲမြို့တွင် စစ်ဘေးရှောင် စခန်းများ ဖွင့်လှစ်

0
200

ရန်ကုန်၊ ဒီဇင်ဘာလ ၃၀ ရက် ၊၂၀၁၇။

ရှမ်းပြည်နယ်​​မြောက်ပိုင်း၊ ​ကျောက်မဲမြို့တွင်ပ​လောင်တိုင်းရင်းသား ​ကျေးရွာများဖြစ်​သည့်​ အာ​ပြောင်​​ကျေးရွာနှင့်​​ကျောက်​ဖြူ​ ​ကျေးရွာတို့မှ စစ်​​ဘေး​ရှောင်​များ​အတွက် စစ်​​ဘေး​ရှောင်​စခန်းများဖွင့်​လှစ်​၍ အစားအ​သောက်​၊ အဝတ်​အထည်​ နှင့် ကျန်းမာ​ရေး​စောင့်​​ရှောင့်​မှုများ ကူညီ​ဆောင်​ရွက်​​ပေးလျှက်​ရှိ​ကြောင်းသိရသည်​။

“ငြိမ်းချမ်း​ရေးယူထားတဲ့အဖွဲ့​တွေ ငြိမ်းချမ်း​ရေး မယူထား​သောအဖွဲ့​တွေ
တိုက်​ပွဲ​တွေက ​ဗြောင်းဆန်​​နေတာပါဘဲ။အခုလည်း တစ်ဖက်​နဲ့တစ်ဖက်
ရှေမတိုး​နောက်​မဆုတ်​ အသင့်​အ​နေထားနဲ့ အင်​အားဖြည့်​​နေကြတယ်​”ဟု
ကျောက်​မဲမြို့နယ်​ အမှတ်​(၂) မှ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်
ဦးစိုင်းထွန်းဥာဏ်​က The Fifth Wave News (ပဉ္စမလှိုင်းမီဒီယာ) ၏ ဆက်​သွယ်​​မေးမြန်းချက်​ကို​ဖြေကြားသည်​။

တိုက်​ပွဲအ​ခြေအ​နေသည်​ ယခင်နှင့် မတူ​ကြောင်း ၊ ယခုအ​ခြေအ​နေသည်​ တစ်ပတ်​အနည်းဆုံး ထပ်​မံကြာမြင့်​နိုင်​​ကြောင်း ၊ တစ်ပတ်​ထက်​ပိုကြာမြင့် ပါက စားနပ်​ရိက္ခာ၊မလုံ​လောက်​နိုင်​​ကြောင်း ဦးစိုင်းထွန်းဥာဏ်​က ​ဆက်​ပြောသည်​။

၂၀၁၇ခုနှစ် ဒီဇင်​ဘာလ တတိယအပတ်​​လောက်​မှစတင်ကာ ရှမ်းပြည်​နယ်​ (​မြောက်​ပိုင်း)မိုင်း​ငေါ့မြို့ဝန်းကျင်တွင် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့်​မြန်​မာ့တပ်​မ​တော်​တို့
တိုက်​ပွဲများဖြစ်​ပွားလျှက်​ရှိရာ မိုင်း​ငေါ့မြို့နယ်​ အာ့​ပြောင်​​ကျေးရွာနှင့်
နမ့်​ဆန်​မြို့နယ်​​ကျောက်​ဖြူ​ကျေးရွာတို့မှ စစ်​​ဘေး​ရှောင်​များအား
ကျောက်မဲမြို့ (၈) ရပ်ကွက် သန္တိသုခဓမ္မာရုံ နှင့်​ပိန္နဲကုန်း​ကျေးရွာအုပ်​စု
ဝါဆိုဘုန်းကြီး​ကျောင်းတို့တွင်​ စစ်ဘေးရှောင်စခန်းများ ကို
ဒီဇင်​ဘာ၂၈ရက်နေ့မှစတင်ကာ ဖွင့်​လှစ်​၍ အစားအ​သောက်​၊ အဝတ်​အထည်​နှင့် ကျန်းမာ​ရေးစသည့်​​စောင့်​​ရှောက်​ကူညီမူများပြုလုပ်​​ပေးလျှက်​ရှိ​ကြောင်းသိရသည်​။

“စခန်းစဖွင့်​တဲ့ဒီဇင်​ဘာ၂၈ရက်​မှာလူ(၅၀)ဘဲရှိတယ်​။
၂၉ရက် ​နေ့မှာလူ(၂၀၀​)ကျော်​၊အခု၃၀ရက်​နေ့မှာ​တော့ လူ(၄၀၀)​ကျော်​သွားတယ်​။ ​ကျောက်​မဲမြို့​ပေါ်က အလှူ ရှင်​​တွေလည်း လာလှူ ကြပါတယ်။ အခုစခန်းတစ်ခုတည်းမဆန့်​လို့ ဝါဆိုဘုန်းကြီး​ကျောင်းမှာတစ်ခုထပ်​တိုးထားရတယ်​”ဟုစစ်​​ဘေး​ရှောင်​စခန်းတွင်​ကူညီ​ဆောင်ရွက်​​နေသူ
အောင်​မင်္ဂလာ ပရဟိတအသင်းမှ အတွင်း​ရေးမှူး ဦး​ကျော်​​ကျော်ဦးက ဆိုသည်​။

အဆိုပါစစ်​​ဘေး​ရှောင်​စခန်းကို ​ကျောက်​မဲမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေး
မှူးနှင့်​စစ်​​ဘေး​ရှောင်​ ကူညီ​ထောက်​ပံ​ရေး ​ကော်​မတီတို့မှ ဦး​ဆောင်​၍ စစ်​​ဘေး​ရှောင်​စခန်းကို ဒီဇင်​ဘာလ၂၈ရက်၊၂၀၁၇တွင် စတင်ဖွင့်​လှစ်ပြီး
ကျောက်​မဲမြို့နယ်​အတွင်းမှ ပရဟိတအသင်းများ၊အလှူရှင်​များ၊ ကြက်​​ခြေနီ တပ်​ဖွဲ့များ၊မြို့နယ်​​ဆေးရုံမှ သူနာပြုဆရာမများက ပူး​ပေါင်း​ဆောင်​ရွက်​လျှက်​ရှိကြောင်း သိရသည်။

အာပြောင်ရွာနှင့်ကျောက်ဖြူရွာတို့မှ စစ်ဘေးရှောင်များသည်
သန္တိသုခ​ကျောင်းတွင်​ (၂၉၉)ဦး၊ဝါဆိုဘုန်းကြီး​ကျောင်းတွင်​(၁၉၃)ဦး​အထိ ရောက်ရှိနေပြီး မိုင်း​ငေါ့မြို့တွင်​ခိုလုံ​နေ​သော စစ်​​ဘေး​ရှောင်​ (၁၇၀)ဦးမှာ
မကြာခင်​ ထပ်​မံ​ရောက်​ရှိနိုင်​​ကြောင်း သိရသည်​။

မြတ်​ဟိန်း​ကျော်

ဓာတ်​ပုံး​ကျော်​​ကျော်​ဦး(​ကျောက်​မဲ)

Leave a Reply