ဒုတိယအကြိမ် မြန်မာ့ကျွဲကောသီးပွဲတော် ပြုလုပ်မည်

0
222

အောက်တိုဘာ၂
မေစု

ပြည်တွင်းတွင် ရှိသော ကျွဲကောသီးမျိုးစိတ်ပေါင်း ၂၀ကျော်အတွင်းမှ အကောင်းဆုံးကျွဲကောသီးမျိုးများအား ပြိုင်ပွဲပြုလုပ်ကာ ဖော်ထုတ်ဆုချီးမြှင့်မည့် ဒုတိယအကြိမ်မြောက် မြန်မာ့ကျွဲကော်သီးပွဲတော် နှင့်သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက်ကုန်စည်ပြပွဲ ၂၀၁၈ ကိုပြုလုပ်မည်ဟုသိရသည်။

အဆိုပါကျွဲကော်သီးပွဲတော် နှင့်သစ်သီးဝလံပန်းမန် ကုန်စည်ပြပွဲကို အောက်တိုဘာလ ၂၃ ရက်မှ ၂၅ရက်နေ့အထိ ၃ရက်ကြာပြည် သူ့ရင်ပြင်အတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

” ဆိုင်ခန်း၆၀လောက်တော့လောလောဆယ်ခန့်မှန်းထား ပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တာ ဓာတ်မြေသြဇာကုမ္ပဏီတွေ အစရှိသဖြင့်ပါဝင်မှာပါ။ ကျွဲကောသီးပြပွဲ ပြိုင်ပွဲရယ် လက်ဖက် တို့ ပြသမှာဖြစ်ပြီး ပြပွဲလာတဲ့သူတွေကို ကျွဲကောသီးသုပ် လက်ဖက်သုပ် မှိုသုပ် အဲ့ဒါတွေလည်းကျွေးဖို့ရှိပါတယ်။ အဓိကတော့ ကျွဲကောသီးဈေးကွက်ကျယ်ပြန့်လာဖို့ပါ။”ဟု မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်း မှ ပြပွဲတာဝန်ခံ မဒါလီကပြောသည်။

ပထမအကြိမ်ကျွဲကောသီးပွဲတော်ကို ၂၀၁၃ခုနှစ်တွင် ကျင်းပခဲ့ပြီး ယခုပြုလုပ်မည့်ကျွဲကောသီးပြိုင်ပွဲ မှ ဆုရရှိမည့် အကောင်းဆုံးမျိုးများအားတောင်သူများရွေးချယ် စိုက်ပျိုးနိုင်ရန် ဖြန့်ဝေပြီး ဒေသအလိုက်စိုက်ပျိုးနိုင်မှု ထွက်ရှိနိုင်မှုအခြေအနေများကို မှတ်တမ်းပြုစုသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွဲကောသီးဈေးကွက် ကြီးတစ်ခုလုံးက တရုတ်ပြည်မှာဖြစ်နေတယ်။ ဗမာပြည် နဲ့ တရုတ်က ကျွဲကောသီးပေါ်ချိန်မတူတော့ တရုတ်ဈေးကွက်ကိုမရောင်းနိုင်သေးခင် ဗမာပြည်က သြဂုတ်လမှာစပေါ်ပြီဆိုတော့ပြည်တွင်းမှာပဲ ဈေးကွက်တစ်ခုပေါ်လာဖို့ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ညှိနှိုင်းနေတယ်။မွန်ပြည်နယ်မှာ ကျွဲကောသီးဈေးကွက်ဖြစ်လာဖို့မျှော်မှန်းထားပါတယ်။ ကျွဲကာသီးကမြန်မာပြည်မှာစိုက်ကြတာက တစ်ခြံထဲမှာ မျိုးစိတ်တွေ၂မျိုး ၃မျိုးရောနေတယ်။ ဒါကြောင့် exportအတွက်အခက်အခဲရှိနေတယ်။ နိုင်ငံခြားဈေးကွက်ဆိုတာ same ပုံစံဖြစ်မှသွားဖို့အဆင်ပြေတော့ အခုပွဲတော်မှာဘယ်မျိုးက အကောင်းဆုံးလဲရွေးပြီးတောင်သူတွေကိုစိုက်ဖို့အကြံပေးမှာပါ”ဟု
မန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင်ကပြောသည်။

မြန်မာနိုင်ငံတွင် ကျွဲကောသီးကို မွန်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး တို့တွင်အများအပြားစိုက်ပျိုးကြကာ အခြားတိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင်လည်း အနည်းငယ်စိုက်ပျိုး လျှက်ရှိကြောင်းသိရသည်။

Leave a Reply