ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းတိုးလာ၍ ကျွဲရိုင်းအချိုရည်​ လုံးဝပိတ်သင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးပြော

0
195

အောက်​တိုဘာ ၆
ဝေဝေဖြိုး

အချိုရည်အများစုကြောင့် ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းတိုးလာ၍ နာမည်ကြီး အချိုရည်တစ်​ခုကိုလုံးဝပိတ်သင့်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောသည်​။

အောက်တိုဘာ ၅ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သော ဒုတိယအကြိမ် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များဆီသို့ ဆွေးနွေးပွဲတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

” အစားသောက်တိုင်းမှာ nomal level ရှိတယ်။ သကြားဓါတ်ဘယ်လောက်ပါရမယ်။ ပရိုတင်းဘယ်လောက်ပါရမယ်။ အဲ့ဒါတွေက သိပ်များရင်မကောင်းဘူး။ သိပ်နည်ရင်လည်း မကောင်းဘူး။ စက်ရုံတွေဆိုရင် ကိုကာကိုလာ၊ ပက်စီ၊ကျွဲရိုင်းတွေကို ပညာပေးမယ်။ သူတို့နဲ့ပေါင်းရမယ်​ ခင်​ဗျားတို့ ကိုကာကိုလာကို သကြားဓာတ်​ကို လျော့လို့မရဘူးလား ။ ကျွဲရိုင်းလိုဟာ မျိုးဆိုရင်​ လုံးဝပိတ်​ရမယ်​ ။ကျွန်​တော်​တို့ပိတ်​လို့မရဘူး အကောက်​ခွန်​ နယ်​စပ်​ဧရိယာ အရမ်းဒုက္ခရောက်​နေပါတယ်​။ ဒီကျွဲရိုင်းသောက်​ပြီးတော့ Diabetesဖြစ်​တဲ့သူတွေအများကြီးပဲ “ဟု ၎င်းကပြောသည်​။

မြန်မာနိုင်ငံ ဆရာဝန်အသင်းက တွေ့ရှိချက်အချို့၌ အချို့ဒေသများတွင် တစ်နေ့ကို ကျွဲရိုင်းအချိုရေ ခြောက်လုံးခန့် သောက်နေကြသည့်အတွက် ဆီးချို၊ သွေးချို (Diabetes) ရောဂါ ဖြစ်ပွားနေကြသည့်အတွက် ယင်းတို့ကို လုံးဝပိတ်သိမ်းသင့်သည်​ဟုဆိုသည်​။

ယင်းသို့လုပ်ဆောင်ရန် အကောက်ခွန်ဦးစီးဌာနတွင် အဓိကတာဝန်ရှိပြီး လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိခိုက်စေလိုခြင်းမဟုတ်သည့်အတွက် ထုတ်လုပ်သည့် အချိုရေ လုပ်ငန်းရှင်များ အနေဖြင့် သကြားဓာတ် ပါဝင်မှုကို လျှော့ချရန်လိုအပ်သည်​ဟုဆိုသည်​။

“ကျွန်​တော့ကိုပြောတယ်​ မြန်​မာနိုင်​ငံဆရာဝန်​များအသင်းဥက္ကဋ္ဌကပြောတယ်​။ အကုန်​လုံး Diabetesဖြစ်​နေတယ်​။ ကျွဲရိုင်း တနေ့ကို ၆ ဗူးသောက်​တဲ့သူနဲ့ ဒါတွေက အရမ်းကိုအန္တရာယ်​များပါတယ်​ ။အထူးသဖြင့်​အချိုရည်​တွေပါ တက်​နိုင်​သမျှမသောက်​နဲ့ ဒါသူတို့ကိုတော့ ထိခိုက်​စေချင်​တာမဟုတ်​ဘူး မထိခိုက်​စေချင်​ရင်​တော့ ထုတ်​တဲ့သူတွေက သကြားပါဝင်မှုတွေကို လျော့ပေါ့”ဟု ဒေါက်​တာမြင့်​ထွေးကပြောသည်​။

ပြည်ပမှ အရည်အသွေးစိတ်မချရသော စားသောက်ကုန်ကို မတင်သွင်းသည့်​ကိစ္စတွင်​ ပြည်သူများက ကျန်းမာရေဗဟုသုတ ကြွယ်ဝ၍မည်​သူမှ စားသုံးမှုမရှိပါက တင်​သွင်းသည့်​လုပ်​ငန်းရှင်​များအနေဖြင့်​လည်း တင်​သွင်းနိုင်​မည်​မဟုတ်​ကြောင်း ၎င်းကပြောသည်​။

“တရုတ်ကလာတာပဲဖြစ်ဖြစ်၊ ယိုးဒယားက လာတာပဲဖြစ်ဖြစ် ဘာမှန်းမသိတာကို မစားရဲဘူး။ သူတို့မစားရဲရင် ပြည်ပက တင်သွင်းတဲ့ သူတွေက မသွင်းတော့ဘူး။ စားလို့သာ သွင်းနေကြတာ။ အဓိကက ဝယ်လိုအားမရှိရင် ရောင်းလိုအားက အလိုလိုကျသွားမှာ။ အဖွဲ့အစည်းအားလုံးက ဝိုင်းလုပ်ဖို့လိုတယ်။ ဒါကိုမလုပ်လို့ရှိရင် နောက်ထက်၎၊ ၅နှစ်မှာ အလွန်ဆိုးဝါးသော ကျန်းမာရေး ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ ” ဟု ၄င်းကဆက်လက် ပြောကြားသည်။

ပြည်တွင်းသို့ ကျန်းမာရေးနှင့်ညီညွှတ်သော စားသောက်ကုန်များကို ပြည်ပမှ တင်သွင်းရောင်းချကြရန် နှင့် ကျန်းမာရေးနှင့်မညီညွှတ်သော စားသောက်ကုန်များကို လုံးဝတင်သွင်း မရောင်းချကြရန် တိုက်တွန်းပြော ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးနှင့်ညီညွှတ်သော အစားအသောက်များ ဖြစ်စေရန် အခြေခံပညာကျောင်းများတွင် အသိပညာပေးလျက်ရှိပြီး ပြည်သူအကြားတွင် အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်ရန်လိုအပ်သည်​ဟုဆိုသည်​။

ထို့ပြင်​ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့် ကိုက်ညီပြီး ကျန်းမာရေးနှင့်ညီညွှတ်သော စားသောက်ကုန်များ ဖြစ်ပေါ်လာစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် ၄င်းကဆိုသည်။

Leave a Reply