အောင်​ရဲ​ထွေး​သေဆုံးမှု တရားလိုဘက်​မှတင်​သွင်းသည့်​ စစ်​​ဆေးပြီးသားရဲစစ်​ချက်​အား ဥပ​ဒေနှင့်​မညီသည့်​အတွက်​ တရားခံပြ​ရှေ့​နေများကန့်​ကွက်

0
172

အောက်​တိုဘာ ၆
သော်လင်းထက်

၂၀၁၃ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခံထားရတဲ့ တိုင်းတရားလွှတ်တော်အရာရှိချုပ်ဟောင်း ဦးဟန်ထူး နဲ့ ၂၀၁၄ ခုနှစ် အဂတိတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ တရားဥပဒေအရာရှိ လေးဦးက အောက်တိုဘာ ၅ ရက် ​နေ့လည်​ပိုင်းက ရန်​ကုန်​တိုင်း​ဒေသကြီးတိုင်းတရားလွှတ်​​တော်​ရုံးတွင်​ ရုံးထုတ်​စစ်​​ဆေးခဲ့သည်​။

အဆိုပါရုံးချိန်းတွင်​ တရားလိုဖြစ်​သူ အဂတိတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်​ဦးမိုးနိုင်ကို စစ်​​ဆေးခဲ့ပြီး တရားလိုဘက်​ကတင်​သွင်းသည့်​ ယ​ခင်​ရဲစစ်​ချက်​အား တရားခံပြ​ရှေ့​နေများမှကန့်​ကွပ်​ခဲ့​သည်​။

သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်၍ ဦးချစ်ကိုကို အပါအဝင် တရားဥပဒေအစိုးရ အရာရှိ ၆ ဦးသည်​ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်​ တရားစွဲဆိုခံထားရခြင်းဖြစ်​သည်​။

နောက်​တပတ်​ရုံးချိန်းအား ​အောက်​တိုဘာလ ၁၂ရက်​သို့ပြန်​လည်​ချိန်းဆိုခဲ့ပြီး အဆိုပါရုံးချိန်းတွင်​ တရားလို၏တင်​ပြချက်​အား လက်​ခံသင့်​မခံ​သင့်​စစ်​​ဆေးသွားမည်​ဖြစ်​သည်​။

Leave a Reply