WLC 4 တွင် ချန်ပီယံဘွဲ့ကာကွယ်မည့် တူးတူးအတွက် ကမ္ဘာ့အဆင့်နာမည်ကြီးကစားသမားကိုရွေးချယ်နေ

0
235

ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ၊၂၀၁၇

World Lethwei Champion WLC-4 ပြိုင်ပွဲကို ၂၀၁၈ဖေဖော်ဝါရီ ၁၇ရက်တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစား ရုံတွင်ကျင်းပမည်ဖြစ်ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံ တူးတူး ၏ပြိုင်ဘက်အဖြစ် ကမ္ဘာ့အဆင့် နာမည်ကြီးကစားသမား တစ်ဦးကိုရွေးချယ်နေကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီ မီဒီယာဆက်ဆံရေးတာဝန်ခံ ကိုအောင်သူ ကပြောသည်။

“တူးတူးအတွက် ကမ္ဘာ့အဆင့်ရှိတဲ့နာမည်ကြီးကစားသမားတစ်ဦးကို ကျွန်တော်တို့ရှာဖွေဆွေးနွေးနေပါတယ်”ဟုကိုအောင်သူကပြောသည်။

WLC 4ပြိုင်ပွဲအတွက် တွဲဆိုင်း၈ဆိုင်း ၉ဆိုင်းခန့်ထည့်သွင်းသွားမည်ဖြစ်ပြီး ကစားသမားရွေးချယ်မှုမပြီးပြတ်သေးပဲ ကစားသမားရွေးချယ်မှုပြီးစီးပါက သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၎င်းကပြောသည်။

ယခင်WLC ပြိုင်ပွဲသုံးပွဲကို ရန်ကုန်မြို့တွင်ကျင်းပခဲ့ပြီး ၂၀၁၈ခုနှစ်နှစ်ဆန်းတွင်ကျင်းပမည့်ပွဲကို နေပြည်တော်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၄ရက်နေ့ကပြုလုပ်ခဲ့သည့်WLC 3ပြိုင်ပွဲတွင် တွဲဆိုင်း ၈ဆိုင်းပါဝင်ခဲ့ပြီး မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲတွင် တူးတူးက ပြိုင်ဘက်သြစတြေးလျ နိုင်ငံသားမိုက်ကယ်ဘာဒါတိုကို အမှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည်။

မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌဦးဇေသီဟက သူ၏Facebook စာမျက်နှာတွင် “၂၀၁၈ အကြိုကျွန်တော်တို့ game ဆော့မယ်လေ။ တူးတူးနဲ့ ထိုးမဲ့ကစားသမား ဘယ်သူဖြစ်မလဲ။သူ့နာမည်ကရှေ့အမည်က အင်္ဂလိပ်စာလုံး ၅လုံး နောက် အမည်က အင်္ဂလိပ်စာလုံး ၇လုံး ကဲဖြေကြတော့။ဆုဘာပေးမလဲမေးရင်ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ပွဲကို လာကြည့်ဖို့ VIP လက်မှတ်အပြင် ရန်ကုန်ကနေ Express ကားဖြင့် ခရီးစရိတ် တစ်ညတာဟိုတယ်မှာတည်းခိုစရိတ် တာဝန်ယူ ပေးမယ်”ဟု ဒီဇင်ဘာ ၂၉ရက်နေ့ကရေးသားထားသည်။

ကိုဥာဏ်

ဓာတ်ပုံ- WLC – World Lethwei Championship

Leave a Reply