အဆို​တော်​ ရသ ပါ (၃) ဦးအား ရုံးထုတ် တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေး

0
122

အောက်တိုဘာ ၈
နိုင်လင်းဦး

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆို​တော်​ ရသ (ရဲမင်းသိန်း) ပါ (၃) ဦးအား အောက်တိုဘာလ ၈ ရက်နေ့က မန္တလေးခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးခဲ့သည် ။

အမှတ်(၁၈)မူးယစ်တပ်ဖွဲ့စု(မန္တလေး)တောင်ပိုင်း မှ ရဲတပ်ကြပ် ဇင်မင်းထွန်းနှင့် နန်းထိုက်ပန်ဧည့်ရိပ်မွန်မန်နေဂျာ ဦးစိုးသိမ်းဟန်တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ(၁၅)ရက်နေ့တွင် ထပ်မံရုံးချိန်းပေးခဲ့သည်။

“တရားလိုပြသက်သေအနေနဲ့ ၁၆ ယောက်တင်ပြထားတယ် ။ တရားလိုနဲ့ သက်သေတစ်ယောက်ကို စစ်ဆေးပြီးပြီ ။ ဒီနေ့ လိုပြသက်သေ နှစ်ယောက်ကိုထပ်စစ်တယ် ” ဟု တရားရုံး တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်း နှင့် လမ်း ၅၀ လမ်းကြားရှိ “နန်းထိုက်ပန်´´ ဧည့်ရိပ်မွန်တွင် သတင်းအရဝင်ရောက် ရှာဖွေရာမှ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲမင်းသိန်း(ခ) အဆိုတော် ရသ ပါ (၃) ဦးအား ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ-၁၉ (က) ဖြင့် တရားရုံးစွဲတင်ခြင်းဖစ်ကြာင်း သိရသည်။

Leave a Reply