ပဲစားသုံးမှု မြှင့်တင်ရေးပွဲတော်ကိစ္စအတွက် စီး/ကူးကို သီးခြားတောင်းပန် ရန်မရှိ ဟု ဦးဗအုပ်​ခိုင်​​ဆို

0
183

ရန်ကုန်၊ ဒီဇင်​ဘာ၃၀၊ ၂၀၁၇

ပဲစားသုံးမှု မြှင့်တင်ရေးပွဲတော်ကိစ္စအတွက် စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနကို သီးခြားတောင်းပန်ရန်မရှိကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်​​ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်​ခိုင်​​က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျင်းပနေသော ပဲစားသုံးမှုမြှင့်တင်ရေး ပွဲတော်များ ပြုလုပ်နေခြင်းကို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းမှ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခြင်း အတွက် ပြန်လည် တောင်းပန်ရန်၊ မတောင်းပန်ပါက တရားစွဲဆို သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်​ချက်​အ​ပေါ် မြန်​မာနိုင်​ငံစားသုံးသူကာကွယ်​​ရေး အသင်းဥက္ကဋ္ဌအား မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အကြံပြုချက်​ကို​တော့​ပေးပြီးပါပြီ။ ပြန်​လည်​ရှင်းလင်းချက်​ကို​တော့ ယ​နေ့ သတင်းစာရှင်းလင်းပွဲလုပ်​တယ်​။ တောင်းပန်​စာ သီးသန့်​​တော့ မပို့ပါဘူး။
အရင်​အစိုးရလက်​ထက်​ကတည်းက လက်​တွဲလာခဲ့ကြတာ၊ အခုပြည်​သူ့ အစိုးရ လက်​ထက်​​ရောက်​မှ ထိပ်​တိုက်​ရင်​ဆိုင်​မှုတွေမဖြစ်​ချင်​ဘူး။
ရန်​မလိုချင်​ဘူး​ပေါ့​နော်​။ ဆရာတို့ကပြည်​သူအတွက်လုပ်တာဖြစ်တဲ့အတွက်
မ​ကျေနပ်​လို့တရားစွဲချင်​လည်းစွဲ​ပေါ့ သူတို့သ​ဘောပါ။ ဆရာတို့က​တော့ မေတ္တာနဲ့ဘဲတုံ့ပြန်​ ​ဖြေရှင်းသွားမယ်။ ပြည်​သူအတွက်​လုပ်​​နေတဲ့ ပြည်​သူကို ဗဟိုပြုတဲ့အဖွဲ့စည်း​ဖြစ်တယ်။ဒါပါဘဲ”ဟု မြန်မာနိုင်ငံစားသုံးသူ ကာကွယ်​​ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်​ခိုင်​က The Fift Wave News (ပဉ္စမလှိုင်းမီဒီယာ) ဆက်​သွယ်​​မေးမြန်းမှုကို​ဖြေကြားသည်​။

မြန်​မာနိုင်​ငံစားသုံးသူကာကွယ်​​ရေးအသင်းအ​နေဖြင့်​ဒီဇင်ဘာ၂၆ရက်​နေ့က ထုတ်​ပြန်​သည့်​ကန့်ကွက်ကြောင်း သ​ဘောထား ကြေညာချက်နှင့် ပတ်သက်၍ ဒီဇင်​ဘာ၃၀ရက်နေ့ ၊​နေ့လယ် ၁နာရီအချိန်​ အင်းစိန်​မြို့နယ်​၊ အ​ရှေ့ကြို့ကုန်း၊မဟာသုခိတာယိုးဒယား​တောင်​​ကျောင်း(ဓမ္မစကူး​ကျောင်း)၌သတင်းစာရှင်းလင်းပွဲပြုလုပ်​၍ ကန့်​ကွက်​စာထုတ်​ခြင်းသည်​ ပဲစိုက်​​တောင်​သူ ​တွေထိခိုက်​​စေရန်မဟုတ်​​ကြောင်းစီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနကိုလည်းသိက္ခာကျ​အောင်​၊အကြည်​ညိုပျက်​​အောင်​လုပ်​ခဲ့ခြင်းမဟုတ်​​ကြောင်း ၊ ဖြေရှင်းခဲ့​ပြီးဖြစ်​​ကြောင်းနှင့်​ သီးခြား​တောင်းပန်​စာပို့မည်​မဟုတ်​​ကြောင်း ဦးဗအုပ်​ခိုင်​​ပြောပြချက်​အရသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply