ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်ရောက်ပြီ

0
192

အောက်တိုဘာ ၁၀
ပဉ္စမလှိုင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုမြို့ ၌ ကျင်းပခဲ့သည့် (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင် စီးပွားရေးဖိုရမ်များသို့ တက်ရောက်ပြီး အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဂျပန်နိုင်ငံမှ All Nippon Airways လေကြောင်းဖြင့် ထွက်ခွာကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E.Mr. Ichiro Maruyama ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်၊ စစ်သံမှူး ဗိုလ်မှူးချုပ် စောမင်း၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများနှင့် သံရုံးမိသားစုများက တိုကျို မြို့ရှိ နာရီတာ (Narita) လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ ဒုတိယ အကြီးအကဲ Mr. Toru MAEDA နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။

Credit : MSCO

Leave a Reply