အချုပ်ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွား၊ တစ်ဦးသေဆုံး

0
237

ရန်ကုန်၊ ဒီဇင်​ဘာ၃၀ရက်၊၂၀၁၇

ကသာမြို့နယ်​တွင်​ ဒီဇင်​ဘာ၃၀ရက်နေ့လယ် ၂နာရီ
ခန့်​အချိန်​က ဝန်​သိုမြို့မှလာ​သောအချုပ်​ကားနှင့်
ဆိုင်​ကယ်​​တို့ တိုက်​မူဖြစ်​ပွားပြီး တစ်ဦး​သေဆုံး​ကြောင်း
ကသာရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။

“ဝန်းသိုရဲတပ်​ဖွဲ့စခန်းကအချုပ်​ကားပါ။ အပြန်​မှာဖြစ်​တာ။ အခင်းဖြစ်​​နေရာမှာ တစ်​ဦး​သေနှစ်​ဦး​ဆေးရုံ​ပို့တယ်​။
အချုပ်​ကား​မောင်းသူက ရဲဒုတပ်​ကြပ်​ဝင်းလှိုင်​ပါ။
အခုတော့အချုပ်​ထဲ ရောက်​ပြီ “ဟု ကသာမြို့နယ်​ရဲ
တပ်​ဖွဲ့မှူးရုံးမှရဲအရာရှိတစ်​ဦးက ပြောသည်​။

ဖြစ်​စဉ်​မှာ ဝန်​သိုရဲတပ်​ဖွဲ့စခန်းမှ ရဲဒုတပ်​ကြပ်​ဝင်းလှိုင်
မောင်းနှင်​လာ​သော အချုပ်​ကားသည်​ ကသာမြို့မှအပြန်
မြို့အထွက်​သံလမ်းကူး​နေရာ၌ အမျိုးသမီး သုံးဦး​မောင်းနှင်​လာ​သော ဆိုင်​ကယ်​နှင့်​တိုက်​မိပြီး အမှတ်​(၉)ရပ်​ကွက်​၊အပိုင်း(၁)​တွင်နေထိုင်သူ မဆန်းဆန်းညွန့်​မှာ အခင်းဖြစ်​​နေရာတွင်​ ပွဲချင်းပြီး​သေဆုံး၍ ကျန်​နှစ်​ဦးမှာ ပြင်းထန်​ဒဏ်​ရာ(စိုးရိမ်​ရ)ဖြင့်​ ကသာ​ဆေးရုံသို့ ပို့​ဆောင်​ခဲ့​ကြောင်​သိရသည်။

အဆိုအမှုအတွက် အချုပ်ကားမောင်းသူ ယာဉ်​​မောင်း ရဲဒုတပ်​ကြပ်​ ဝင်းလှိုင်​အား ရဲအုပ်​မင်းသန်းထိုက်​မှအမှုစစ်​ပြုလုပ်​ကာ ကသာရဲတပ်​ဖွဲ့စခန်းတွင်​ ပ/၄၁/၂၀၁၇ ရာဇသတ်​ကြီးပုဒ်​မ ၃၃၈/၃၀၄-ကဖြင့်​ အ​ရေးယူ ဆောင်ရွက်
လျှက်​ရှိ​ကြောင်းကသာမြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှ သိရသည်​။

မြတ်​ဟိန်း​ကျော်

ဓာတ်​ပုံ- မြင့်​လွင်

Leave a Reply