New Years ည လုံခြုံရေးအတွက် ရဲအင်အား ခုနစ်ရာကျော် အသုံးပြုမည်

0
176

မန္တလေး၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၇

မန္တလေးမြို့ ၊ကျုံးဘေး နှင့် လူစည်ကားရာနေရာများတွင် နှစ်သစ်ကူးညအတွက် လုံခြုံရေးအင်အား (၇၀၀) ကျော်အသုံးပြုပြီး အများပြည်သူများ အတွက် လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

နှစ်သစ်ကူးညတွင် ဗျောက်အိုး ၊ မီးရှူးမီးပန်းများ ဖောက်မည်ဖြစ်သည့်အတွက် လုံခြုံရေးဆောင်ရွက်ရာတွင် ပေါက်ကွဲမှုများမဖြစ်စေရန် အထူးအလေးပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မသမာသူတွေက ဒီအချိန်ကိုစောင့်ပြီး ဗုံးထောင်တာ ၊ဗုံးခွဲတာ လုပ်တတ်တယ် ။ ဒါ့ကြောင့် လုံခြုံရေးအင်အား နဲ့ လှည့်ကင်း ပတ်ကင်းအစီအစဉ်တွေ တိုးချဲ့ထားတယ် ။ နောက်ပြီး လူငယ်တွေ ခိုက်ရန်ဖြစ်ပွားမှုမရှိစေဖို့အတွက်လည်း ဆောင်ရွက်ထားတယ် ။” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က တာဝန်ရှိသူတစ်ဦး က ပြောသည်။

ထို့အပြင် နှစ်သစ်ကူးည ခိုက်ရန်ဖြစ်ပွားမှုများ နှင့် မတော်တဆဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက်လည်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် လူမှုရေးအသင်းအဖွဲ့များမှ အသင့်အနေအထားဖြင့် ကူညီဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် နှစ်ကူးညတွင် ခိုက်ရန်ဖြစ်ပွားမှု နှင့် ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူပေါင်း ၃၆ ဦးဒဏ်ရာရခဲ့ကြပြီး ၂ ဦးသေဆုံးခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုင်လင်းဦး

Leave a Reply