ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ်တိုက်မှုဖြစ် (၅)ဦး ဒဏ်ရာရ

0
102

အောက်တိုဘာ ၁၃
နိုင်လင်းဦး

စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက် ရထားသံလမ်းကူး အနီးတွင် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က ခရီးသည်တင်ယာဉ် နှင့် ကုန်တင်ယာဉ် တိုက်မှုဖြစ်ပွားခဲ့ရာ လူ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်း က သိရသည်။

ခရီးသည်များ တင်ဆောင်၍ မောင်းနှင်းလာသော သစ္စာဦး ခရီးသည်တင်ယာဉ် နှင့် မုံရွာမြို့ မှ မန္တလေးမြို့သို့ မောင်းနှင်လာသော CANDA အမျိုးအစား ကုန်တင်ယာဉ်တို့ တိုက်မိခြင်းဖြစ်ပြီး ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည် သုံးဦး ၊ ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ်ခေါင်းအတွင်း ညှပ်နေသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား မီးသတ်တပ်ဖွဲ့ နှင့် ကူညီကယ်ဆယ်ရေးများအဖွဲ့များက အသက်ရှင်လျက် ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

“ခရီးသည်တင်ကားက ရန်ကုန်က ။ ခရီးသည်တွေ က ဘာမှ စိုးရိမ်စရာမရှိဘူး ။ ကုန်တင်ယာဉ်က ဒရိုင်ဘာနဲ့ စပယ်ယာသာ ကားခေါင်းထဲမှာ ညှပ်ပြီး ဒဏ်ရာက များတော့ စိုးရိမ်ရတယ်။ အမှုကတော့ နှစ်ဘက်လုံးကို ဖွင့်ထားတယ်။” ဟု စစ်ကိုင်းမြို့မရဲစခန်း က တာဝန်ကျရဲအရာရှိတစ်ဦး က ပြောသည် ။

ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်သုံးယောက် နှင့် ကုန်တင်ယာဉ် ယာဉ်နောက်လိုက်တစ်ဦး (မစိုးရိမ်ရ) တို့ကို စစ်ကိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကုန်တင်ယာဉ် မောင်းမှာ (စိုးရိမ်ရ ) အနေအထားရှိသည့် အတွက် မန္တလေးပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသည်တင်ယာဉ်မောင်းနှင့် ကုန်တင်ယာဉ်မောင်းတို့အား စစ်ကိုင်းမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

Leave a Reply