အစားအစာများတွင် အာဟာရပါဝင်မှု အရောင်များဖြင့် သတ်မှတ်ပေးနိုင်ရေး စီစဉ်

0
130

အောက်တိုဘာ ၁၄
မေစု

မြန်မာနိုင်ငံရှိအစားအသောက် စားသုံးသူများအကြား ဆား ၊ သကြား ပါဝင်နှုန်းမြင့်မား သည့် အစားအသောက်များအား ပါဝင်သည့်ပစ္စည်း ပမာဏ မသိရှိပဲစားသုံးနေရ သည်ကို စစ်တမ်းကောက်ကာ အစာအာဟာရ ပါဝင်မှုအား အရောင်များဖြင့်သတ်မှတ်သည်အထိ ပြုလုပ်ရန် စီစဉ်နေကြောင်းသိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ အာဟာရ ဆိုင်ရာဌာ နမှ မြန်မာလူမျိုးများ ၏ ဆား သကြား စားသုံးနေမှုများ အပါအဝင် အစာအာဟာရရွေးချယ် စားသုံးမှုများအား စစ်တမ်းကောက်၍ သုတေသန ပြုလုပ်နေပြီး မကြာခင်တွင် စစ်တမ်းရလဒ်ထွက်ရှိ ကာ အဖြေကို သိနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

“Food labeling ဆားဘယ်လောက်ပါလဲ သကြားဘယ်လောက်ပါလဲ ဆိုတာက စားမယ့်အစားအတွက်တကယ်တမ်းကျတော့ အရေးကြီးပါတယ်။ အဲ့မှာပါတာတွေကိုမသိနိုင်ဘူး ။ဆား ၊ သကြား ကို တစ်နေ့တာဘယ်လောက်စားရမလဲခန့်မှန်းရတာတော့ခက်တာပေါ့အစားအသောက်တစ်ခုမှာ နီး ၀ါ စိမ်းဆိုပြီး သတ်မှတ်ချက်တွေ နဲ့ လုပ်ဖို့ လည်းရှိတယ် တစ်ခြားနိုင်ငံတွေမှာ လည်းအဲ့ဒါမျိုး တွေရှိတယ်။ ” ဟု ပြည်သူ့ကျန်းမာဦးစီးဌာန ၊ မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာန မှ ညွှန်ကြားရေးမှူးဒေါက်တာကျော်ကံကောင်း ကပြောသည်။

မြန်မာနိုင်ငံရှိပြည်သူလူထု အသုံးပြုနေသည့် အချိုရည် နှင့် အစားအသောက်အချို့တွင် ဆား ၊သကြားပါဝင် နှုန်းမြင့်နေခြင်းကြောင့် ဆီးချိုသွေးချို နှင့် နှလုံး ၊သွေးတိုးကဲ့သို့သော မကူးစက်နိုင် သည့် နာတာရှည် ရောဂါများလည်း များပြားနေကြောင်းသိရသည်။

” ဆီးချိုသွေးချိုရောဂါဆိုတာကဖြစ်ပြီဆိုရင် တော်ရုံမပျောက်တတ်တော့ စစ်ဆေးခြင်းကဘာအကျိုးရှိမလဲဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့အတိုင်း ဆီးချိုတွေ တစ်အားတက်နေရင် မျက်စိကွယ်တယ်။ အခြေတွေလက်တွေ ဖျတ်ပစ်ရတဲ့အထိ ဖြစ်နိုင်တော့ ဆရာတို့က စစ်ဆေးပြီးေ ဆးတွေေ သခြာပေးနိုင် မှာဖြစ်ပါတယ်။ ဆရာတို့ကစစ်ဆေးခြင်းအပြင် ကုသခြင်းလုပ်ငန်းတွေလည်းလုပ်နေပါတယ်။ ” ဟု ဒေါက်တာကျော်ကံကောင်းက ဆက်လက်ပြောသည်။

မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနများ နှင့် ကျေးလက်ကျန်းမာရေး ဌာနများ တွင် ဗုဒ္ဒဟူးနေ့တိုင်း ဆီးချို ၊သွေးတိုး နှင့် နာတာရှည် အဆုတ်ရောင် ရောဂါများကို အခမဲ့စမ်းသပ်ကုသပေးလျှက်ရှိနေကြောင်း သိရသည်။

မကူးစက်တတ်သော ရောဂါများထဲတွင် ဆီးချို နှင့် သွေးတိုးဖြစ်ပွားမှုမှာ မြင့်မားလျှက်ရှိပြီး စောစီးစွာကုသမှု မခံယူပါက လေဖြတ်ခြင်း ၊ဦးနှောက်သွေးကြောပေါက်ခြင်း ၊ နှလုံးသွေးကြောပိတ်ခြင်း ၊ ကျောက်ကပ်ပျက်စီး ခြင်း ရောဂါများဖြစ်လာနိုင်ကြောင်း သိရသည်။

Leave a Reply