စစ်ကိုင်းတွင် သတင်းလွတ်လပ်ခွင့်ရရှိရေးနှင့် မတရားဖမ်းဆီးခံရသော သတင်းသမားများပြန်လွှတ်ရေး ဆန္ဒပြ

0
128

အောက်တိုဘာ ၁၅
နိုင်လင်းဦး

စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွပ် မြို့တော်ခန်းမရှေ့တွင် အောက်တိုဘာလ ၁၅ ရက်နေ့က သတင်းလွတ်လပ်ခွင့်ရရှိရေး နှင့် မတရားဖမ်းဆီးခံရသော သတင်းသမားများပြန်လွှတ်ရေး တောင်းဆို ဆန္ဒပြခဲ့သည်။

ထိုသို့ဆန္ဒပြတောင်းဆိုရာတွင် သတင်းလွတ်လပ်ခွင့်ရရှိရေး ဒို့အရေး ဒို့အရေး၊ မတရားဖမ်းဆီးခံရသော သတင်းသမားများပြန်လွှတ်ရေး ဒို့အရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည် ။

“အရပ်သားအစိုးရတက်လာအပြီးမှာ သတင်းလွတ်လပ်ခွင့်ဆိုတာ မရှိဘူး ။ သတင်းမီဒီယာ ဥပဒေရှိတယ် ။ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရှိတယ် ။သူတို့တွေနဲ့ မတိုင်ပင်ဘူး ။ ဥပဒေအရ အရေးမယူပဲနဲ့ သတင်းထောက်တွေနဲ့ မဆိုင်တဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှုတို့ ၆၆ (ဃ) တို့နဲ့ တရားစွဲဆိုနေတာကို သတင်းထောက်တွေ ခံနေရတယ်” ဟု ဦးဆောင်ဆန္ဒပြသူ တစ်ဦးဖြစ်သည့် ကိုအောင်မြတ်လင်း က ပြောသည်။

သတင်းမီဒီယာအနေဖြင့် အစိုးရမကောင်းပါ က မကောင်းသည့် အကြောင်း ၊ ကောင်းပါက ကောင်းသည့်အကြောင်း ဝေဖန်ထောက်ပြပိုင်ခွင့် လွတ်လွတ်လပ်လပ်ရှိရမည်ဖြစ်ပြီး သတင်းသမားများ မှားပါက သတင်းမီဒီယာဥပဒေဖြင့် အရေးယသင့်ကြောင်း ဆန္ဒပြသတင်းသမားများက ပြောသည်။

ယခုလက်ရှိ အစိုးရလက်ထက်တွင် သတင်းမီဒီယာသမားများကို တရားစွဲဆိုသည့်အမှုပေါင်း (၂၈) မှုရှိပြီး သတင်းသမား (၄၄) ဦး တရားရင်ဆိုင်နေရသည်။

Leave a Reply