ဓနုဖြူမြို့နယ်​တွင်​ ကမ်းပြိုများဆက်​လက်​ဖြစ်​ပွား​နေ

0
147

ရန်ကုန်၊ ဇန်နဝါရီ ၁။၂၀၁၈

ဧရာဝတီတိုင်းဒေသကြီး ၊ဓနုဖြူမြို့နယ် အမှတ် ၁၆ ရပ်ကွက်၊
ကမ်းနားလမ်းတွင်​ ဒီဇင်​ဘာ(၃၀)ရက် ညသန်း​ခေါင်​ယံအချိန်​မှစ၍
ကမ်းပါးပြိုကျမှုများဖြစ်ခဲ့ပြီး နေအိမ်များ မြစ်ထဲသို့ မျှောပါကာ
အိမ်ထောင်စု စုစုပေါင်း ၂၄ စု ကိုယာယီတဲများ ဆောက်လုပ်ပြီး နေရာချထားပေး​​ကြောင်း ဓနုဖြူမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးရုံးမှ သိရသည်​။

“အိမ်​ကသုံးပင်​အိမ်​​လေး​တွေပါ။ ၁၅လုံးပါသွားတယ်​။ ၁၁လုံးက​တော့ဖျက်​ထားရတယ်​။ ငါးဖမ်းစက်​​လှေ ၅စီး လည်းပါသွားတယ်​။ လူကယ်ပြန်​ကို အ​ကြောင်းကြားထားတယ်​” ဟု ဓနုဖြူမြို့နယ်​မှ တိုင်း​ဒေသကြီးအမှတ်​(၂) လွတ်​​တော်​ကိုယ်​စားလှယ်​ ဦးစန်း​ထွေးက​ပြောသည်​။

ကမ်းပြိုမူ့ဖြစ်​စဉ်​တွင်​ လူအ​သေအ​ပျောက်​မရှိ​သော်လည်း နေအိမ်များ မြစ်ထဲမျှောပါမှုကြောင့် သက်ဆိုင်ရာမှ ရွှေ့ပြောင်းပေးခဲ့ရသည့် အိမ်ထောင် စုအရေအတွက်မှာ စုစုပေါင်း ၂၄ စု ၊ လူဦး​ရေ စုစု​ပေါင်း(၆၁)ဦး အထိ ရှိကြောင်း သိရသည်​။

“မရမ်း​ချောင်းဘက်​မှာ မနှစ်​ကကမ်းထိန်းလုပ်​ငန်းတွေ လုပ်​တယ်​။ ဒီနှစ်​ပြိုတယ်​။ စံကင်းဘက်​မှာလည်း စိုးရိမ်​ရတယ်​။ ​တောက်​​လျှောက်​ပြို​နေတာ”ဟု ဓနုဖြူမြို့နယ်မှ ​ပြည်​သူ့လွတ်​​တော်​ကိုယ်​စးလှယ်
ဦးတင်​ယုကဆိုသည်​။

ယခုကမ်းပြိုမူ​ကြောင့်​ ဆုံးရူံးမူတန်​ဘိုးမှာ ကျပ်(၉၆)သိန်း​ကျော် ​ရှိပြီး၊လူမှုဝန်​ထမ်းကယ်ဆယ်​​ရေးနှင့်​ပြန်လည်​​နေရာချထား​ရေးဦးစီးဌာနမှ ဇန်နဝါရီ ၂ရက် ​နေ့တွင်​လာ​ရောက်မည်​ဖြစ်​​ကြောင်း၊ လက်ရှိကမ်းပြိုမူများ သည်
သောင်​​များ​ကြောင့်​ဖြစ်​ပြီး ကမ်းထိန်း​များမှာ ထိခိုက်​မူရှိခဲ့​ကြောင်း၊
ရေရှည်​တွင် တစ်မြို့လုံး အတိုင်းအတာအထိ စိုးရိမ်​ရ​ကြောင်း၊
နိုင်​ငံ​တော်​ အဆင့်​ အ​နေဖြင့်​ပညာရှင်​များ လာ​ရောက်​ကြည့်​ရှု၍ ​​သောင်​များကိုခွဲထုတ်​ပစ်​မှသာ ကမ်းပြိုမှုများ သက်သာနိုင်မည် ဖြစ်ကြောင်း
ဦးတင်​ယု​က သုံးသပ်ပြောကြားသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply