မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် သတင်းပေးအားနည်းနေဟု ဒေါက်တာဇော်မြင့်မောင်ပြော

0
208

မန္တလေး၊ဇန်န၀ါရီ ၁၊၂၀၁၈

မန္တလေးတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုများကို ဖမ်းဆီး အရေးယူရာတွင် သတင်းပေးအားနည်းသည့်အတွက် အခက်အခဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် မန္တလေး – မူဆယ် ကားလမ်း မှ လည်းကောင်း ၊ တောင်ကြီး – မိတ္ထီလာ ကားလမ်းမှ လည်းကောင်း ၊ မြစ်ကြီးနားမှ လည်းကောင်း မူးယစ်ဆေးဝါးများဝင်ရောက်နေပြီး ကားလမ်း၊ ရထားလမ်း ဆုံချက်တစ်ခုဖြစ်သည့်အတွက် မူးယစ်ဆေးဝါးသုံးစွဲမှု ၊ ရောင်းဝယ်မှုများလည်း ပေါများကြောင်း သိရသည်။

“ကျွန်တော်တို့ ဖမ်းပါတယ် ။ မိလည်းမိပါတယ် ။ ဒါပေမယ့် ပေါနေတုန်းပဲ ။ ဖမ်းမယ်ဆို သတင်းပေးလိုပါတယ် ။သတင်းပေးမပါပဲနဲ့ ဖမ်းလို့မရဘူး ။ မူးယစ်ဆေးဝါးရောင်းသူတွေဘက်မှာလည်း သတင်းပေးရှိတယ်။ ရဲအင်အား စုနေရင်ပဲ သူတို့ဆီကို သတင်းကရောက်သွားပြီးပြီ ။ ကျွန်တော်တို့ဘက်မှာ သတင်းပေး အားနည်းသွားတယ် ။ ဒါက ကျွန်တော့်စကားမဟုတ်ဘူး ။ မူးယစ်ရဲမှူးကြီးရဲ့စကားပါ ။ ဘာလို့နည်း သွားရလဲ ဆိုရင် အဆွယ်ခံရတာလည်းပါမယ် ။ ခြိမ်းခြောက် ခံရတာလည်းဖြစ်နိုင်တယ် ။” ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

မန္တလေးမြို့တွင် ၂၀၁၆ ခုနှစ် က ရဲတပ်ဖွဲ့အင်အား ၃၀၀ ခန့်ဖြင့် စစ်ဆင်ရေးအသွင်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးမှုပြုလုပ်ဖူးသော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ သတင်းပေးများကြောင့် ဆေးထိုးအပ်များသာ ဖမ်းဆီးရမိခဲ့သည်။

နိုင်လင်းဦး

Leave a Reply