တိုက်​​လေယာဉ်​တစ်​စီးပျက်​ကျ

0
128

အောက်​တိုဘာ ၁၆
ကိုလူသစ်

မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ဆားပွက်ချောင်းကျေးရွာတွင် ယနေ့နံနက် ၈နာရီခန့်အချိန်က တိုက်လေယာဉ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

”ဟုတ်ပါတယ်။တိုက်လေယာဉ်တော့မှန်ပါတယ်။ဒါပေမယ့် ဘာအမျိုးအစားဆိုတာအသေအချာတော့ မသိရသေးပါဘူး။ပျက်ကျတာတော့မှန်ပါတယ်”ဟု ယင်းနေရာသို့ရောက်ရှိနေသည့် ဒေသခံတစ်ဦးကပြောကြားသည်။

လေယာဉ်​ပျက်​ကျမှု​ကြောင့်​ ​လေယာဉ်​မှူးတစ်​ဦး​သေဆုံးခဲ့​ကြောင်း ကနဦးသတင်းများအရ သိရသည်​။

နောက်​ဆက်​တွဲရရှိသည့်​ သတင်းများကို ဆက်​လက်​​ဖော်​ပြ ​ပေးပါမည်​။

Photo : Aung Myo Naing FB

Leave a Reply