မသင်္ကာလို့ စစ်ဆေးရာ ဆိုင်ကယ်သူခိုးဖြစ်နေ

0
205

မန္တလေး၊ဇန်န၀ါရီ ၁ ၊ ၂၀၁၈

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက် ၉ လမ်း နှင့် မင်းကြီးရန်နောင်လမ်းထောင့် လမ်းမပေါ်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာသူတစ်ဦးအား စစ်မေးရာမှ ဆိုင်ကယ် (၇) စီးခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ဆိုင်ကယ်စီးလာသူ ကိုတင်ထွန်းအောင် (၃၄)နှစ်အား မသင်္ကာ၍ စစ်ဆေးရာ ၄င်းစီးနင်းလာသည့် ဆိုင်ကယ်မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂) ရပ်ကွက်၊ ၆၂လမ်းနှင့် ကံနောင် မင်းသားကြီး လမ်းထောင့်အနီး ရပ်ထားစဉ် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“သူ့ကို စခန်းမှာအမှုဖွင့်ပြီး စစ်မေးမှ အရင်ကအမှုတွေပေါ်ပေါက်
လာတယ် ။ သူခိုးခဲ့တဲ့ ဆိုင်ကယ် တစ်စီးချင်းအမှုဖွင့်အရေးယူသွားမယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခိုးယူသူ ကိုတင်ထွန်းအောင်ကို စက်မှုနယ်မြေရဲစခန်းတွင် (ပ)၁၃၇/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/၅၄ အရ အမှုဖွင့်ထားပြီးဖြစ်ကာ ထပ်မံစစ်ဆေး အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply