Great Well ဖိနပ်စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆို

0
139

အောက်တိုဘာ ၁၆
ပဉ္စမလှိုင်း

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ Great Well ဖိနပ်စက်ရုံမှ အလုပ်သမားများသည် အလုပ်ရှင်နှင့်အလုပ်သမား မပြေလည်မှုများကို ဖြေရှင်းပေးရန် ယနေ့ အောက်တိုဘာလ ၁၆ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ( တိုင်းဒေသကြီးရုံး) သို့ လာရောက်တောင်းဆိုခဲ့သည်။

အဆိုပါဖိနပ်စက်ရုံရှိ အလုပ်သမားများသည် ၃လစာ လုပ်ခလစာမရရှိမှု၊ အလုပ်သမားများအား အဆောင်တွင်နေထိုင်ခွင့်မပြုမှုတို့ကို ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယင်းမပြေလည်မှုများနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီးဌာနဝန်ကြီး ဦးဇော်အေးမောင်ထံမှ တွေ့ဆုံညှိနှိုင်းပေးရန်သဘောတူညီချက်ကို ရရှိခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဇော်မင်းသိန်းကပြောဆိုခဲ့သည်။

Photo – Shwe Paw Mya Tin / MPA

Leave a Reply