TTC ကျောင်းမှ မင်္ဂလာဒုံမြို့နယ် အထက ၇ သို့ ပြောင်းရွေ့ခံရသူ ကျောင်းအုပ် ဒေါက်တာမိုးသူ နှင့်တွေ့ဆုံခြင်း

0
34

” TTC ကျောင်းကြီးကို ရိုက်ချိုးလိုက်တာဖြစ်တဲ့ အတွက် ကျွန်မကတော့တော်တော်နာပါတယ် ”

TTC ကျောင်းမှ မင်္ဂလာဒုံမြို့နယ် အထက ၇ သို့ ပြောင်းရွေ့ခံရသူ ကျောင်းအုပ် ဒေါက်တာမိုးသူ နှင့်တွေ့ဆုံခြင်း

#မေစု တွေ့ဆုံမေးမြန်းသည်။

မေး ။ ။ ကျောင်းပြောင်းရွှေ့မှုအပေါ် ဆရာမဆက်လက်ဆောင်ရွက်မယ့် အခြေအနေလေးသိပါရစေ။

ဖြေ ။ ။ ရာထူးတိုးတင်တာ ရာထူးတိုးကအောက်ကနေတင်ရတာ အဆင့်မြင့်ညွှန်ချုပ်ကိုသွားမေးတဲ့အခါမှာ ညွှန်ချုပ်က ဒီမိုကရေစီခေတ်မှာ လူကကိုယ်ဒီကျောင်းမှာနေချင်တယ်ဆိုလည်း နေချင်တဲ့ အကြောင်းတင်ရမယ်။ မနေချင် ရင်လည်းတစ်ခုခုလုပ်ချင် လည်းလုပ်ချင်တဲ့ အကြောင်းအရာကိုတင်အဖွဲ့နဲ့ဆုံးဖြတ်မယ်ဆိုတဲ့ သဘော မျိုး သူကပြောလိုက်တယ်။ အဲ့ဒီ့အတွက် ကျွန်မက ကျွန်မသည် ဟိုဘက်ကျောင်းကိုမသွားတာကြိမ်းသေတဲ့အတွက် ကျွန်မ မှာရွေးစရာ နှစ်ချက်တော့ရှိတယ်။ တစ်ချက်က ဒီကျောင်းမှာ လစ်လပ်နေ တာကြာပြီဖြစ်တဲ့ စီမံခန့်ခွဲတဲ့ရာထူးတစ်ခုကိုတင်ပါမယ်။ အဲ့ဒီ့ရာထူးတိုးပေးတယ်ဆိုရင် ကျွန်မဒီကျောင်းကိုကောင်း သထက်ကောင်းအောင် လုပ်ဆောင်ပါမယ်။ အဲ့လိုမျိုးရာထူးမဖြစ်ဖူးဆိုရင် ကျွန်မရဲ့လုပ်သက်သည်စုစုပေါင်း ၂၃နှစ်ကျော်သွားပြီ အဲ့ service အရ ဘယ်လိုခံစားခွင့်မျိုးရနိုင်လဲပေါ့ အဲ့လိုမျိုးပေးခြင်လည်းပေး ပေါ့ ကျွန်မလုံးဝလည်း မမက်တော့ပါဘူးအကုန် release လုပ်မှာပါ ။အဲ့ဒါတင်ပြီး ဒီကျောင်းပိတ်ရက်အတွင်းမှာ သူတို့စည်းဝေးဆုံးဖြတ်ပြီရင် အဲ့ကျမှ ရလာတဲ့အဖြေအပေါ်မူတည်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မှာ အဲ့ကျမှထွက်ရင်လည်းထွက်ကြောင်း ရရင်လည်းရကြောင်းပြောမှာပါ။ အကုန်လုံစောင့်ကြည့်လို့ရပါတယ်။ ကျွန်မသည်အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြမှာပါ ။ငွေကြေးဆိုလည်းကျွန်မဘာမှ မဟုတ်တာလုပ်ထားတာမရှိပါဘူး။

မေး ။ ။ ကျောင်းပြောင်းခံရတာ နဲ့ပတ်သက်ပြီး YBS School Bus တွေကြောင့် ပြောင်းရွှေ့ခံရတယ်လို့ပြောနေကြတဲ့ အပေါ်မှာ ဆရာမအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ ဟုတ်ကဲ့ YBSအတွက်ကတော့ ကျွန်မကအဲ့ဒီ့အတွက်ကို ကြိုးစားပေးတာပဲရှိတယ်။ဘာလို့လဲဆိုတော့ ကျွန်မတို့လေ့ကျင်းရေးကျောင်းတွေ ချည်းပဲအတွက်ဆိုပြီးတော့ စစချင်းကတည်းက ဝန်ကြီးချုပ်ကတာဝန်ပေး ထားတဲ့အတွက် ကိုယ့်ရဲ့ကျောင်းသားကလေးတွေ အတွက်နိုင်ငံတကာနဲ့အဆင့်မှီ ကျွန်မတို့ကျောင်းသည် ဖယ်ရီတွေ အိမ်ကားတွေနဲ့ ဆိုအရမ်းကို traffic jams ဖြစ်တယ် ကျွန်မရဲ့ အလုပ်တွေတော်တော်များများလုပ်ပြီးပါပြီ ဒီနောက်ဆုံးကျန်ခဲ့တဲ့ issue တစ်ခုကတော့ ဒီ ကားပိတ်တာကို ဘယ်လို ဖြေရှင်းမလဲလို့ အမြဲတမ်းစဉ်းစားနေတဲ့ အတွက် ဒီအခြေအနေ မှာကျွန်မကစစတုန်းကတည်းက ကား ၈၀ လောက်မှာပြီးတော့ အားလုံးပေါင်းနောက်ပိုင်းကျတော့ ကား၇၀လောက် TTCမှာ ဆွဲဖြစ်တယ်။ ပြီးတဲ့အခါကျတော့ရှေ့ဆက်ပြီးတော့လည်း ဒီကားတွေကို ဘယ်လိုအခြေအနေမှာဆက်ပြီးတော့လုပ်မလဲ ဆိုတဲ့အချိန်လေးပေါ့ ဒါပေမယ့် အဲ့လိုမျိုးလုပ်နေတဲ့အတွက် ဒီကိစ္စ ကတော့မဆိုင်ဘူးလေ။ဒီကိစ္စကိုကျွန်မစေတနာနဲ့လုပ်ပေးတယ်။ ဒါကနိုင်ငံတော်အတွက် အားလုံးအတွက်ကော အတွက်အစစအရာရာ အဆင်ပြေအောင်အဓိကကတော့ ဘယ်သူ့ကိုပဲကြည့်လဲဆိုတော့ ကျွန်မကလေးတွေပဲကြည့်တယ်။ ကျွန်မကလေးတွေကောင်းကောင်းမွန်မွန် နဲ့ သေသေချာချာလာလို့ ရမယ် တကယ့်ကိုကောင်းကောင်းမွန်မွန်နဲ့ လုံလုံခြုံခြုံ ဖြစ်ရင် ဒါကျွန်မ ဒီကားတွေရှုပ်ထွေးနေတာလည်း လျော့စေတယ်။ဒီကားတွေနဲ့ စမတ်ကျကျ အဆင့်တန်းမြင့်မြင့် သွားလာနိုင်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုပဲရှိတဲ့အတွက် ကျွန်မသည် ငါးပြားတစ်စေ့ မှသူတို့ဆီကယူထားတာလည်းမရှိတဲ့အတွက် ကျွန်မတို့ကျောင်းကလိုချင်တယ်ဆိုရင်တောင် ကျွန်မတို့ကျောင်းက ပိုက်ဆံပေပြီးသွင်းတာ ဘယ်တော့မှကိုယ့်ကျောင်းမှာ ဆွဲနေတဲ့ကားဆိုပြီးသုံးတာမရှိဘူး အကုန်လုံးဘောင်ချာတွေပါ ကျွန်မတို့ဆီမှာရှိပြီးသား ကျွန်မတို့သည်တန်ရာတန်ကြေးထက်တော့လျော့ပေးတာပေါ့ ကျွန်မတို့ကဓာတ်ဆီဖိုးတော့ပေးပြီးမှယူတဲ့ အစီအစဉ်ပါ ဘယ်တော့မှ အလကားသုံးတာမရှိပါဘူး။

မေး ။ ။ ဆရာမအနေနဲ့ပြောင်းရွှေ့ခံရတာဘာကြောင့်ဆိုတာ အတိအကျ သိပြီးပြီလား သိဖို့လုပ်မယ်ပြောထားတော့ နေပြည်တော်သွားတဲ့ အခြေအနေလေးဘယ်လိုဖြစ်သွားပြီလဲသိချင်ပါတယ်။

ဖြေ ။ ။ သိခဲ့ပြီသက်သေအထောက်အထားနဲ့ ကိုသိခဲ့တယ်။ အခြေခံညွှန်ချုပ်နဲ့ စတွေ့တဲ့ အချိန်မှာ သူကဘာပြောလဲဆိုရင် ကျွန်မအရင်မေးပါတယ်။ ကျွန်မကိုဘာကိစ္စနဲ့ ဒီလိုမျိုးပြောင်းလဲဆိုတာသိချင်ပါတယ်။ဆိုတော့ သူက သူတို့ကအခြေခံကိုလွဲပြောင်းလိုက်ပြီ အဆင့်မြင့်ရဲ့ဝန်ထမ်းတွေရဲ့ အပြောင်းအရွေ့ကို အဲ့ဒီ့အတွက် ၁နှစ်ခွဲ ၂နှစ်ရှိရင်လည်း သူတို့က ပြောင်းလို့ရတယ်ဆိုပြီးတော့ ပြောပါတယ်။ သူတို့ပြောတာသည် ရှေ့နောက်တော့မညီပါဘူး။ ဘာပြောလဲဆိုရင်အဲ့လို ပြောတယ်။ ကျွန်မကိုအပြစ်နဲ့ပြောင်းတာလား မေးတဲ့အခါကျတော့အပြစ်နဲ့ ပြောင်းလို့ရှိရင် ဟိုးနယ်ဝေးတွေကိုပြောင်းပစ်တာတဲ့ အခုအပြစ်နဲ့ပြောင်းတာမဟုတ်ဖူးလို့ ပြောပါတယ်။ ဟုတ်ပြီ အဲ့လိုမျိုးဆိုရင် ဆိုပြီး ကျွန်မတစ်ခုမေးပါသေးတယ် မင်္ဂလာဒုံမှာ ထ၁ တွေ ထ ၃ တွေလည်းလွတ်ပါသေးတယ်။ အဲ့ဒါမျိုးကိုမပေးဘဲ စိတ်စေတနာရှိရှိနဲ့ ကျွန်မရဲ့ကျောင်းကိုပျိုးထောင်နေတဲ့ အချိန်မှာ ကျွန်မကိုလွတ်လိုက်တဲ့ ကျောင်းသည် သူကအထက်ခွဲ ဆိုတာအလယ်တန်းကျောင်းပါ အလယ်တန်းကျောင်းမှာ လူများလာတဲ့အတွက် အထက်ခွဲဆိုတာဖြစ်ပြီးမှ အထက်တန်းကျောင်းဖြစ်တဲ့ကျောင်းလေးပါ။ အဲ့လိုကျောင်းမျိုးကျွန်မကို ပေးတယ်ဆိုတာ ကျွန်မရဲ့တတ်မြောက်ထားတဲ့ ပညာတွေ အရည်အချင်းတွေက ဘယ်လိုလဲဆိုတာ သူတို့ စဉ်းစားဆုံးဖြတ်ဖို့လိုတယ်ပေါ့နော်။ ကျွန်မကို presentation လုပ်ပါ ကြိုက်သလိုလုပ်လို့ရတယ်။ အခုသူတို့ခန့်လိုက် တဲ့လူ၁၀ယောက် ကျောင်းအုပ်ဆရာမ၁၀ယောက်ရှိတယ် ။သူတို့ကို presentation နဲ့ ကျွန်မလည်း ခေါ်လုပ်လိုက်ပါ လုပ်လိုက်တဲ့အခါ ကျွန်မကသူတို့ထက်သာအောင်မပြနိုင်ဘူးလား မပြနိုင်ရင် ကျွန်မကို ဒီလိုမျိုး ဆင်ထားတဲ့အထဲမှာ ဘယ်ပဲရမယ်ဆိုရင်တောင်ကျွန်မပြောစရာမရှိဘူး။
အဲ့လိုမဟုတ်ပဲနဲ့ ကျွန်မမှာအပြစ်တစ်ခုရှိမယ်ဆိုရင် PTTကိုတင်ရမယ် ကျွန်မကို ဝမ်နိမ်ပေးရမယ်။ အဲ့လိုအဆင့်ဆင့်လုပ်ရမှာရှိတယ်ပေါ့ မလုပ်ပဲနဲ့ကျွန်မကို ချိုးဖြတ်ပြီးတော့လုပ်လိုက်တာ နာပါတယ်။လုံးဝကျေနပ်မှုမရှိဘူး ။အဲ့ဒီ့အတွက်ကျွန်မပြောနိုင်တဲ့အကြောင်းအရာတစ်ခုကတော့ ကျွန်မသည်အခုပြောင်းခိုင်းတဲ့ ကျောင်းကိုကျွန်မမရောက်ဖူးပါဘူး ဒါပေမယ့်ကျွန်မမသွားဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မမသွားလည်းသွားနိုင်တဲ့လူတွေရှိပါတယ်။ အဲ့ဒီ့လူတွေကိုသူတို့လွှတ်ပေါ့ ကျွန်မကိုအဓိကလိုတဲ့နေရာ ဆိုရင် ဆရာမကြီးကိုလိုတယ်။ဆရာမကြီးရှိမှဖြစ်မယ်ဆိုတဲ့ဟာဆိုရင် ကျွန်မကိုဟိုးနယ်စွန်နယ်ဖျား ပို့လည်းကျွန်မသွားလုပ်ပါမယ်။ ဘာလို့လည်းဆိုတော့ကျွန်မသည်စိတ်စေတနာပဲအရေးကြီးတယ်။ အဲ့ဒီ့အတွက် ကျွန်မကိုဒီလိုမျိုးလုပ်တာတော့ မခံနိုင်ပါဘူး။ လူတစ်ယောက်ရဲ့တိုးတက်အောင်လုပ်ခြင်တဲ့စိတ်ကိုရိုက်ချိုးပလိုက်တာပါ။ ကျွန်မသည်နိုင်ငံတကာနဲ့လည်းဆက်သွယ်ပြီး ကိုယ့်ကျောင်းဘယ်လိုမျိုးတိုးတက်အောင် လုပ်မလဲဆိုတဲ့အစီအစဉ်တွေ အများကြီးလုပ်ထားတယ်။ ကျွန်မဆရာမတွေ ကျွန်မရဲ့ကျောင်းသားတွေအကုန်မေးလို့ရတယ်။ ကလေးတွေလည်းမျက်ရည်လည်ရွဲဖြစ်ရတယ် ။ဆရာမတွေလည်းတငိုငိုတရီရီနဲ့ ကျွန်မတို့ရဲ့သွားနေတဲ့ဒီ TTCကျောင်းကြီးကိုရိုက်ချိုးလိုက်တာဖြစ်တဲ့ အတွက် ကျွန်မကတော့တော်တော်နာပါတယ်။

မေး ။ ။ လုပ်ငန်းကြီးတွေလုပ်ထားတာ ရှိတယ်လို့ ဆရာမအင်တာဗျူး တစ်ခုမှာ ဖြေထားတာ က ဘယ်လိုလုပ်ငန်းကြီးမျိုးကိုဆိုလိုချင်းလဲ။

ဖြေ ။ ။ ကျောင်းအတွက်အများကြီးလုပ်တာရှိတယ်။ ကျောင်းမှာ E-Libery တွေ E- School တွေအများကြီးလုပ်ဖို့ရှိတယ်။ လုံခြုံရေးအတွက်ဆိုလည်းတစ်ကယ့်ကို လုံခြုံရေးစနစ်တွေအများကြီးလုပ်စရာရှိသေးတယ်။ ကျွမ်းကျင်တဲ့ပညာရှင်တွေ နိုင်ငံတကာနဲ့တောင်ညှိတယ်ပေါ့ ကျွန်မတို့ကျောင်းသားဟောင်းတွေကလည်း အများကြီးပံ့ပိုးနိုင်တယ်။ပံ့ပိုးနိုင်တဲ့အတွက် ကျွန်မဒီကျောင်းကို model school ဖြစ်အောင်လို့ ကျွန်မလုပ်တာလေးတွေကို ကြည့်ပြီးတော့ကျန်တဲ့လူတွေလည်း ကျွန်မကိုအကြံအဥာဏ်တောင်ရင်လည်းကျွန်မအကူအညီတောင်းရင် လုပ်ပေးတာရှိတယ်။ ကျွန်မက ဒီကျောင်းရဲ့လုပ်တာလေးကို အခြေခံကျောင်းတွေ အခြားprivate schoolတွေ ကျွန်မရဲ့ကျောင်းကိုကြည့် ပြီးတော့တိုးတက်အောင်လုပ်စေချင်တဲ့ စိတ်စေတနာလေးပဲရှိတယ်။ မာနထောင်လွှားတာတွေ တစ်ခုမှမရှိဘူး ။ကျွန်မလည်းအားလုံးကို အမြဲနိမ့်ချပြီးဆက်ဆံပါတယ်။ ဒီကျောင်းမှာကျွန်မရေလောင်းရင်လောင်းတယ် ရေဆေးရင်ဆေးတယ် ကျွန်မအဲ့လိုအမြဲနေပါတယ်အဲ့ဒီ့အတွက် ကျွန်မစိတ်စေတနာနဲ့လုပ်တာသိတဲ့သူကသိတယ်။ မနာလိုစိတ်နည်းတဲ့သူတွေကတော့ ကျွန်မကိုတစ်ခုခုပြန်လုပ်ပေးမယ်လို့ထင်တယ်။ ကျွန်မလည်းဒီတိုင်းနေမှာမဟုတ်ပါဘူးရှင့်။

မေး ။ ။ E-School တွေကရောလုပ်နေပြီလား။ အပြောင်းအရွှေ့နဲ့ ဆိုတော့ ဆက်လုပ်ဖို့ ဘယ်လိုအစီအစဉ်တွေရှိ သွားပြီလဲ။

ဖြေ ။ ။ ခုသီတင်းကျွတ်ရင်လုပ်ဖို့အစီစဉ်ရှိတာ ခုလည်းလုပ်နေ တုန်းခါးပြတ်သွားသလိုဖြစ်တော့ ဆက်မလုပ်တော့ဘူးရပ်လိုက်တယ်။ ကျန်တဲ့သူ ကတော့သူ့ဟာနဲ့သူဆက်လုပ်ပေါ့ ကျွန်မတော့ ဆက်မလုပ်တော့ပါဘူး။ ထွက်ပြီးသားအော်ဒါက်ုပြန် ရုပ်တယ်ဆိုတာ မျိုးလည်းကျွန်မမလုပ်တော့ပါဘူး ။ဘာလို့လဲဆိုတော့ လူဆိုတာကကိုယ့်ရဲ့စိတ်ဒဏ်ရာတစ်ခုရသွားရင်ဘယ်တော့မှကျက်တော့မှာလည်းမဟုတ်ဖူးလေ မလုပ်တော့တဲ့အတွက် ကျွန်မတောင်းထားတာနှစ်ခုရှိတယ်။ ကျွန်မသည် တက္ကသိုလ်မှာစပြီးတော့ ၁၉၉၅ မှာ ဝင်ကတည်း ကတစ်ခါမှရာထူးတိုးယူထားတာမရှိဘူး ။ရာထူးတိုးမယူထားပေမယ့် လကထောက်ကထိက သရုပ်ပြကနေ တစ်ဆင့်တက် ကထိကရာထူးကိုတင်ပြီးသွား ပြီတင်ပြီးတဲ့အချိန်မှာ ကျွန်မဒီဘက်ကိုပြောင်းလာတာဖြစ်ပါတယ်။ အခြေခံမှာလုပ်တာလည်း ၁၁နှစ်ထဲမှာရောက်သွားပြီ အဲ့ဒီ့အတွက် ကျွန်မဒီမှာ ပဲရှိတဲ့ရာထူးတိုးတစ်ခုတင်ပါမယ်။ ဒီကျောင်းမှာ လည်းကျောင်းအုပ် တစ်ယောက်ထဲနဲ့ မနိုင်ပါဘူး ။ကျွန်မတောင်မနည်းကို ကျားကန်ပြီးတော့လုပ်ရတာပါ။ ဒါတောင် exprenence အများကြီးရှိလို့ ကျွန်မလုပ်နိုင်တာပါ။ သာမန်လူကတော့မလုပ်နိုင်လောက်ပါဘူး။ ကျောင်းသားကျောင်းသူ ၇၀၀၀ကျော်၊ ဆရာဆရာမတွေနှစ်ရာကျော် ၊မိဘတွေနဲ့အဖိုးအဖွားတွေ နဲ့ဆိုရင် နှစ်သောင်းကျော် ရှိနေတဲ့ထုကြီးထဲမှာ ကျွန်မသည်သမာသမတ်နဲ့နေခဲ့ရတာဖြစ်တယ်။

မေး ။ ။ ဆရာမအနေနဲ့ဖြည့်စွက်ချင်တာ ရှိပါသေးလား။

ဖြေ ။ ။ ကိုယ်ကကောင်းမွန်မွန်နဲ့စေတနာနဲ့ လုပ်ပေးတယ် ။ ကလေးတွေဆိုအပြင်ထွက်လိုက်တာနဲ့ ဆရာမကြီး အဲ့လိုမျိုးဖြစ်နေတာ ကလေးတွေစိတ်ထဲဒဏ်ရာရသွားပြီ ဆရာ ဆရာမတွေဆိုလည်း ငိုကြွေးရပြီ ဘာလို့လည်းဆိုတော့သူတို့နဲ့ကျွန်မ တစ်သားတည်းကျနေတာလေ။ ကျွန်မဆရာဆရာမတွေ ကိုမြေတောင်မြှောက်ပေးတယ်။ ခုဆိုလည်း နိုင်ငံတကာ သင်ကြားမှုအတွက် ပိုက်ဆံတွေအများကြီးအကုန်ခံတက်ရမယ့် ဒီပလိုမာသင်တန်းတွေကို ဆရာမတွေအတွက် free ရအောင် သင်ကြားဖို့ ကျွန်မချိတ်ဆက်ပေးထားတာတွေ ရှိတယ်။ အများကြီးပဲ ကျွန်မဒီဟာတွေကိုကျွမ်းကျင်မှုသင်တန်းတွေပေးရင် ကလေးတွေတိုးတက်မယ်ဆိုတာကျွန်မသိလို့လုပ်ပေးတယ်။ အဲ့ဒီ့အတွက်ကျွန်မထွက်သွားရမယ့်အခါသူတို့ငိုကြွေးတယ်။ ကျွန်မကဘာမှမဖြစ်ဖူးသူတို့အတွက် ကျွန်မဆက်လုပ်ပေး မယ်လို့ပြောထားပါတယ်။

ဓာတ်ပုံ – ဝေယံ

#ttc #ဒေါက်တာမိုးသူ #interview #fifthwave #ပဉ္စမလှိုင်း

” TTC ကျောင်းကြီးကို ရိုက်ချိုးလိုက်တာဖြစ်တဲ့ အတွက် ကျွန်မကတော့တော်တော်နာပါတယ် “

Leave a Reply