ရပ်ထားသည့် ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား အမြောက်အများတွေ့ရှိ

0
135

အောက်တိုဘာ ၁၇
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် မိုင်းလုံ – မိုးကုတ် သွားကားလမ်းပေါ်တွင် ရပ်ထားသည့် ကားပေါ်မှ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းအချိန်က စိတ်ကြွရူးသွပ်ဆေးအမြောက်အများကိုတွေ့ရှိခဲ့ကြောင်း မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ လယ်ကြီးတံတားရဲကင်း အနီး (၇) ဖာလုံခန့်အကွာတွင် ရပ်ထားသည့် Alphard ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် ယာဉ်အား စစ်ဆေးရာ ယာဉ်အောက်ပိုင်းတွင် အပိုတပ်ဆင်ထားသည့် ဆီတိုင်ကီအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား (၃) သိန်းခန့်အား ကနဦး ရှာဖွေတွေ့ရှိခဲ့သည်။

“ညပိုင်းကတည်းက မသင်္ကာဖွယ်ကားတစ်စီးရပ်ထားတာတွေ့လို့ စောင့်ကြည့်နေတယ် ။ ဒီနေ့ မနက်ပိုင်းရောက်မှ သက်တွေနဲ့ ရှာဖွေတော့ ဆီတိုင်ကီအပိုထဲက ဆေးပြားသုံးသိန်းလောက်တွေ့တယ် ။ ဒါနဲ့ ဝပ်လျှော့ဆရာခေါ်ပြီး ထပ်စစ်တဲ့အခါ ထပ်တွေ့တယ် ။ ခုထိတော့ ရေတွက်မပြီးသေးဘူး” ဟု မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ထို့အပြင် စိတ်ကြွရူးသွပ်ဆေးအမြောက်အများတွေ့ရှိခဲ့သည့် ယာဉ်အား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ထံ ယာဉ် မှတ်ပုံတင်ထားခြင်း ရှိမရှိ စစ်းဆေးနေကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများ တားဆီးကာကွယ်ရေး ဥပဒေဖြင့် အမှုဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply