ပြည်တွင်းကျောက်​မျက်​ရတနာပစ္စည်းများ ဖွံ့ဖြိုးရေး အတွက်​ နိုင်ငံတကာဈေးကွက် တည်ဆောက်​ရန်​စီစဉ်

0
64

အောက်​တိုဘာ ၂၀
ဝေဝေဖြိုး

ပြည်တွင်းထွက် ကျောက်မျက်ရတနာ ပစ္စည်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်​ နိုင်ငံတကာဈေးကွက် တည်ဆောက်နိုင်ရန်​ ပညာရှင်များ၏ အတွေ့အကြုံ အကြံဥာဏ်များ ရယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်း မှ သိရသည်။

” လက်ရှိလုပ်ဆောင်နေမှု အနေအထားပြောရရင် ဒီဈေးကွက် အနေအထား ကို ပီပြင်အောင် မဖော်ဆောင်နိုင်သေးတာ တွေ့ရတယ်​။ စီးပွားရေး လုပ်တဲ့ အသင်းတွေချည်းပဲဆို အသင်းတွေ နဲ့ ဒီကဏ္ဍ ကို ဖော်ဆောင်မယ်ဆို နှောင့်နှေးနိုင်တာမို့ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေ ပြည်တွင်းက အတွေ့အကြုံရှိ ဝါရင့်လုပ်ငန်းရှင်တွေ နဲ့ ပေါင်းပြီးတော့ စနစ်တကျနဲ့ ရောင်းဝယ်ဖောက်ကားနိုင်ဖို့ လွယ်ကူချောမွေ့စွာ ဈေးကွက် တည်ဆောက်နိုင်ဖို့ပါ”ဟု မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ က ပြောသည်။

မြန်​မာနိုင်ငံအတွင်းရှိ ရတနာပစ္စည်းများကို နိုင်ငံတကာ အဆင့်မီ ဈေးကွက် ၊ နိုင်ငံတကာ အဆင့်မီ လက်ဝတ်ရတနာများ ထုတ်လုပ်ရောင်းချနိုင်အောင် လမ်းညွှန်မှု ပေးနိုင်ရေးအတွက် ဈေးကွက် လုပ်ဆောင်နေခြင်းဖြစ်​သည်​ဟုဆိုသည်​။

ယင်းဈေးကွက် ဖော်ဆောင်နိုင်ရေးအတွက်
နေပြည်တော် ရွှေကြာပြင်ရပ်ကွက်ရှိ မြေဧကပေါင်း ၁၂၂ ဧက နေရာရရှိထားပြီးဖြစ်​ကာ ဈေးကွက် တည်ဆောက်ရေး ၊ဈေးကွက် အခွင့်အလမ်း ရရှိစေရေးနှင့်​ တိုင်းသူပြည်​သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးအတွက် တည်ဆောက်သွားမည်​ဖြစ်​ကြောင်းသိရသည်​။

“ကျောက်မျက်ရတနာ ကဏ္ဍကြီး တိုးတက်အောင် ဘာလုပ်မလည်းဆို ကျွန်တော် ရဲ့ ယူဆချက်က ပေါ်လစီ ဥပဒေ လုပ်ထုံးလုပ်နည်း ကတော့ သပ်သပ်ရှိတယ် ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာ ကျောက်မျက်ရတနာ ဖွံ့ဖြိုးစေချင်တယ်ဆိုရင်တော့ ဒီအသင်းကြီး မှာ ဝန်ရှိတယ်လို့ ယူဆမိပါတယ် ။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ကျောက်မျက်ရတနာ အခြေအနေကို ကျွန်တော့်ထက် သိတဲ့သူတွေ အများကြီးပါ ။မြန်မာနိုင်ငံ မှာရှိတဲ့ ကျောက်မျက်ရတနာတွေ တိုးတက်ဖို့ဆို တာဝန်အကြီးဆုံး ဖြစ်တဲ့ ဒီအသင်းအနေနဲ့ ဘာလုပ်သင့်သလဲ ကျစ်ကျစ်လစ်လစ် ဆောင်ရွက်နိုင်ရင် တိုးတက်မှာပါ “ဟု ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ပြောသည်​။

ယင်းနေရာတွင် ကျောက်မျက်ကဏ္ဍ ဖွံ့ဖြိုးရေး ဈေးကွက်တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း မှ ကျောက်မျက်ရတနာလုပ်​ငန်း လုပ်ကိုင်သူများ ၊ စီမံခန့်ခွဲသူများအပြင် တခြားသော ပညာရှင်များ၏ နည်းပညာ ၊ အကြံဥာဏ်များ ယူဆောင်၍ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်​ကြောင်းသိရသည်​။

ယင်းကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစွာဖြင့်​ လုပ်ဆောင်​နိုင်မည်​ဆိုပါက အမှန်တကယ်လိုအပ်သော ကျောက်မျက် ကဏ္ဍ ဖွံ့ဖြိုးရေး နှင့် နိုင်ငံတော် ၏ ဘဏ္ဍာငွေကိုလည်း ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်​။

Photo : Credit

Leave a Reply