အရက်သေစာသောက်စား၍ ကားမောင်းသည့် ဘုန်းကြီး ယာဉ်သုံးဆင့်တိုက်မှုဖြစ်

0
166

အောက်တိုဘာ ၂၀
နိုင်​လင်းဦး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အောင်ဇေယျာရပ်ကွက်တွင် အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းအချိန်က အရက်သေစာသောက်စား၍ ကားမောင်းသည့် ဘုန်းကြီး ယာဉ်သုံးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

အရက်သေစာသောက်စား၍ ကားမောင်းသည့် ဘုန်းကြီးမှာ မလှိုင်မြို့နယ်အတွင်းရှိ ခုနှစ်ချက်ကျေးရွာ ခုနှစ်ချက်ကျောင်း မှ ကျောင်းထိုင်ဆရာတော် ဦးဣန္ဒာစာရ (ခ) အောင်ဆန်းဝင်း ဖြစ်ပြီး ဆရာတော်အနေဖြင့် မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် သီတာအေးလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာရာ ကိုသက်ပိုင်စိုး မောင်းနှင်လာသည့် ဆိုင်ကယ်အား အနောက်မှ ဝင်တိုက်ခဲ့သည့်အတွက် ကိုသက်ပိုင်စိုးမှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည် ။

ထို့နောက် ကားအား ရပ်တန့်ခြင်းမရှိပဲ ဆက်လက်မောင်းနှင်ခဲ့ပြီး ရွှေလီလမ်းမပေါ်အရောက်တွင် ဦးဇော်မြင့်သိန်း မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာ ဦးဇော်မြင့်သိန်း မှာ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သည် ။

ဆရာတော်အနေဖြင့် ကားကိုရပ်တန့်ခြင်းမရှိပဲ ဆက်ဘက်မောင်းနှင်ခဲ့ပြီး မိတ္ထီလာ – သာစည် ကားလမ်းအရောက်တွင် တစ်ဖက်ယာဉ်ကြောပေါ်သို့ တက်၍ ဉာဏ်လင်းအောင် မောင်းနှင်လာသည့် သုံးဘီးအား တိုက်မိရာ သုံးဘီးပေါ်တွင် လိုက်ပါလာသည့် ပြည့်စုံ မှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့သည် ။ ကားမှာ မဟာစည်ရပ်ကွက်ရပ်ကွက်ရှိ ရေမြောင်အတွင်း ထိုးကျခဲ့ပြီး အရက်သေစာသောက်စား၍ ကားမောင်းသည့် ဘုန်းကြီးအား သာသနာရေးဦးစီးဌာန ၊ သံဃာ့နာယက ဆရာတော်များက သိက္ခာချလူဝတ်လဲ၍ ဖမ်းဆီးထားကြောင်း သိရသည် ။

“ကားကတော့ လိုင်စင်ပါမပါ ကညန ကိုဆက်သွယ်ပြီး စစ်ဆေးနေတုန်းပဲ ။ အဲ့ဒီဦးဇင်းကိုတော့ သက်ဆိုင်ရာ သာသနာရေး ၊ သံဃာ့နာယက ဆရာတော်တွေနဲ့ ပူးပေါင်းပြီး လူဝတ်လဲပေးခဲ့တယ်”ဟု မိတ္ထီလာမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဣန္ဒာစာရ (ခ) အောင်ဆန်းဝင်း အား မိတ္ထီလာမြို့မရဲစခန်းတွင် ရဲအရေးမပိုင်မှု အမှတ်စဉ် (၁/၂၀၁၈) ရာဇသတ်ကြီးပုဒ်မ (၂၉၅ – က) အရလည်းကောင်း ၊ ယာဉ် (ပ)၆၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၇၉ အရလည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည် ။

Leave a Reply