ငွေ​ကြေးလိမ်​လည်​မှုဖြင့်​ အလိုရှိ​နေသည့် တရုတ်​နိုင်​ငံသားအား မန္တလေးလေဆိပ်​တွင်​ ဖမ်းဆီးရမိ

0
132

အောက်​တိုဘာ ၂၀
နိုင်လင်းဦး

တရုတ်နိုင်ငံတွင် ငွေကြေးလိမ်လည်မှုတစ်ခုဖြင့် အလိုရှိနေသည့် တရုတ်နိုင်ငံသားအား မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာလ ၁၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

တရုတ်​နိုင်​ငံအတွင်း ယွမ်သန်း ၂၀ ​လိမ်​လည်​မှုဖြင့်​ ထွက်​​ပြေးတိမ်း​ရှောင်​​နေသူ Mr. Wang Anqiao သည်​ မြန်​မာနိုင်​ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိသို့ လိုက်ပါမည့် ခရီးစဉ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။

“ခုတော့ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသားကို ဖမ်းဆီးပြီး ချုပ်ထားတယ် ။ သူက တရုတ်နိုင်ငံ မှာ ကျူးလွန်ခဲ့တာ ။ ဒါကို လေ​ကြောင်းရဲတပ်​ဖွဲ့နဲ့ လဝက က စစ်ဆေးတာတွေ လုပ်ထားတယ်” ဟု လေကြောင်းရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည် ။

ယွမ်ငွေ သန်း ၂၀ အား လိမ်လည်ခဲ့သည့် Mr. Wang Anqiao အား လဝက ဥပဒေဖြင့် ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ပြီး တရုတ်​နိုင်​ငံတွင်​ ကျူးလွန်​ခဲ့သည့်​အတွက်​ ၎င်းအား တရုတ်​နိုင်​ငံရဲတပ်​ဖွဲ့ဖြင့်​ ချိတ်ဆက်ကာ လွဲ​ပြောင်း​ပေးအပ်​သွားမည်​ဖြစ်​ကြောင်း သိရသည်​။

Leave a Reply