ဒက္ခိဏသီရိမြို့နယ်တွင် ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွား ၂၉ ဦး ဒဏ်ရာ ရရှိ

0
128

အောက်တိုဘာ ၂၃
ယဉ်ကေနွယ်

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်ရှိ မိုးဝေလမ်းနှင့် မဉ္ဖူသကလမ်းဆုံတွင် အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ချိန်က တောင်ပေါ်သား ဘုရားဖူးယာဉ်နှင့်Belta ကားနှစ်စီးယာဉ်တိုက်မှုဖြစ်ပွားရာမှ ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“မိုးဝေလမ်းနဲ့တူညီလမ်းဆုံ မှာ မဉ္ဖူစက လမ်းတိုင်းလာတဲ့ တောင်ပေါ်သားဘုရားဖူးယာဉ်နဲ့ အဲ့လမ်းအတိုင်းမြောက်ကနေ တောင်ကိုလာတဲ့ ဘယ်တာ ကားတစ်စီး နဲ့ တူညီလမ်းဆုံမှာ တိုက်မိတယ်။ အ ခုလောလောဆယ်တော့ အကြမ်းဖျင်းလိုက်ကောက်နေတုန်း လူနာ ၂၉ ယောက်လောကှ်ိတယ်။ဒဏ်ရာ ရတာ တစ်ယောက်မှ မစိုးရိမ်ရဘူး။ သေတာမရှိဘူး အဲ့တာနဲ့ ပတ်သက်ပြီး၂၉၉၃၃၇/၃၃၈ နဲ့” ဟု ယာဉ်မှူးစစ်တာဝန်ခံ ဒုရဲမှူးသောင်းထိုက်ဦးကပြောသည်။

ဒဏ်ရာ ရရှိသူ ၂၉ ဦးအား နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံကြီးနှင့် လယ်ဝေးမြို့နယ်ရှိ ဆေးရုံတို့တွင် ဆေးကုသမှုခံယူနိုင်ရေးအတွက် ပို့ဆောင်ထားကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်းနှစ်ဦးအား အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။

Leave a Reply