အမြန်​လမ်းရဲတပ်​ဖွဲ့မှူးရုံး Facebook အ​ကောင့်​ ဟက်​ခံရ

0
194

အောက်​တိုဘာ ၂၃
ကျော်​သူမြင့်

ရန်​ကုန်​- မန္တ​လေး အမြန်​လမ်းမကြီးနှင့်​ ပတ်​သတ်​သည့်​ သတင်းများ အချိန်​နှင့်​ တ​ပြေးညီ ​ဖော်​ပြ​ပေး​နေသည့်​ အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့မှူးရုံး ​ဖေ့စ့်​ဘုတ်​ အ​ကောင့်​ သည်​ ​အောက်​တိုဘာ ၂၂ရက်​က ဟက်​ခံခဲ့ရ​ကြောင်း သိရသည်​။

” အ​ကောင့်​ ဟက်​ခံရတယ်​ဆိုတာ ဟုတ်​ပါတယ်​ ကျွန်​​တော်​တို့လဲ သိပ်​နားမလည်​​တော့ အ​သေးစိတ်​ ​ပြောပြဖို့ ခက်​ပါတယ်​” ဟု အမြန်​လမ်းမကြီး ရဲတပ်​ဖွဲ့မူးရုံးက တာဝန်​ကျ အရာရှိက ​ပြောသည်​။

အဆိုပါ ​ဖေ့စ်​ဘုတ်​အ​ကောင့်​သည်​ အမြန်​လမ်းမကြီး​ပေါ်တွင်​ ခရီးသွားလာသူများ အဆင်​​ပြေ ​ချော​မွေ့​စေ​ရေးအတွက်​ သတင်းများကို အချိန်​နှင့်​ တ​ပြေးညီ ​ဖော်​ပြ​ပေး​နေသည့်​ အ​ကောင့်​ဖြစ်​သည်​။

Leave a Reply