YBS၂၁ မှစက်ဘီးသမားအား တက်ကြိတ်၊စက်ဘီးသမား ပွဲချင်းပြီးသေဆုံး

0
193

ဇန်​နဝါရီ ၁။၂၀၁၈။

ရန်ကုန်မြို့၊လိုင်မြို့နယ်၊ဘာတာမှတ်တိုင်အနီးတွင်ဇန်နဝါရီ၁ရက်နေ့
နေ့လယ်၁နာရီ၄၅မိနစ်အချိန်​ခန့်​၌ YBS ၂၁ကားနှင့်​စက်​ဘီးတို့ တိုက်မှု
ဖြစ်​ပွားခဲ့​ကြောင်းလိုင်​မြို့နယ်​ ရဲတပ်​ဖွဲ့စခန်းမှသိရသည်​။

“YBSယာဉ်​၂၁က အတိုက်​ခံရသူကိုတိုက်​တာ​ပေါ့။ ​သေသွားးတယ်။ ကားသမားကထွက်​​ပြေးသွားတယ်​”ဟု လှိုင်​မြို့နယ် ​ရဲတပ်​ဖွဲ့စခန်းမှ ရဲအရာရှိတစ်​ဦးမှ​ပြောသည်​။

ဖြစ်​စဉ်​မှာ ရန်​ကုန်​ဘက်​မှယာဉ်​​မောင်း ရိုင်း​အောင်​ထူး ​မောင်း​နှင်​လာ​သော ယာဉ်အမှတ် 3P 2090 ၊ YBS ၂၁ဘတ်​စ် ကားသည်​ ဘာတာမှတ်​တိုင်​ အနီးတွင်​ ဦးကံညွန့်​ ၊ မရမ်းကုန်း(၅)ရပ် ကွက်​​နေသူ စီးလာ​သော စက်ဘီးနှင့်​ တိုက်​မိရာ စက်ဘီးသမားအား YBS ယာဉ်မှ တက်ကြိတ်မိ သဖြင့် စက်ဘီးစီးနင်းသူမှာ ဦးခေါင်းပိုင်း ထိခိုက်မိ၍ အခင်းဖြစ်​ရာ ​နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်​သည်​။

အဆိုပါအမှုကို လှိုင်​မြို့နယ်​ရဲတပ်​ဖွဲ့စခန်းတွင်​ ယာဉ်​ ပ ၁/၂၀၁၈၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က/၂၇၉/၂၀၂ဖြင့်​အမှုဖွင့်​လျှက်​ တရားခံဖမ်းဆီးနိုင်​​ရေး ဆက်​လက်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်

Leave a Reply