USDP မဲဆွယ်စည်းရုံးမှု ကိုယ်ထိလက်ရောက် ကျူးလွန် ဟန့်တားခံရ

0
141

အောက်တိုဘာ ၂၆
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်း မဲဆွယ်စည်းရုံးမှုပြုလုပ်နေသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ စည်းရုံးရေးအဖွဲ့အား ကိုယ်ထိလက်ရောက် ကျူးလွန် ဟန့်တားခံရကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်သည့် မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ရပ်ကွက် ကျေးရွာများတွင် စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်နေသည့်အဖွဲ့သည် အောက်တိုဘာလ ၂၄ ရက်နေ့ က ကုလကျေးရွာသို့ စည်းရုံးစဉ် စည်းရုံးရေးကားရှေ့တွင် ဦးသက်နိုင် သည် ဆိုင်ကယ်ပိတ်ရပ်ခဲ့ရာ ပါတီစည်းရုံးရေးဥက္ကဋ္ဌ က ၄င်းဆိုင်ကယ်အား ဖယ်ရှားပေးထဲ့သည်။

ထို့နောက်ဒုတိယအကြိမ်အဖြစ် ထပ်မံနှောက်ယှက်မှုပြုခဲ့ပြီး မီးရှို့ပစ်မည် ဟု ခြိမ်းခြောက်ပြောဆိုခဲ့ရာ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ဝင်းက ဖြန်ဖြေပြောဆိုစဉ် ဦးသက်နိုင် က ဦးကျော်မြင့်ဝင်း အား ခဲဖြင့်ထုခဲ့သည့်အတွက် ဦးခေါင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။

“ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီလက်ထက် ပထမအကြိမ်တုန်းက ဒါမျိုးဖြစ်စဉ်မဖြစ်ခဲ့ဘူး ။ ခုဒီဘက်လက်ထက်ကျမှ နှောက်ယှက်မှု ဟန့်တားမှုတွေဖြစ်လာတာ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ မှန်မှန်ကန်ကန် ဘက်မလိုက်ပဲ ဆောင်ရွက်ပေးစေလိုတယ် ။ကျွန်တော်တို့အနေနဲ့ကတော့ ရှိတဲ့ဥပဒေတွေနဲ့ တရားစွဲဆို အမှုဖွင့်တာတွေလုပ်သွားမှာပဲ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မဲဆွယ်စည်းရုံးမှုကို ဟန့်တားနှောက်မှု ဖြင့် လည်းကောင်း သက်ဆိုင်ရာရဲစခန်းတွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့်လည်းကောင်း အမှုဖွင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြင်းခြံမြို့နယ် နှင့် သပိတ်ကျင်းမြို့နယ်များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မဲဆွယ်ဆိုင်းဘုတ်များအား အောက်တိုဘာလဆန်းပိုင်းက ဖျက်စီးခံခဲ့ရသည်။

Leave a Reply